Headlines News :
Home » » ယူနတီဂျာနယ်လစ်များ ထောင်မှမလွတ်မီ လက်မှတ်ထိုးခဲ့သော ခံဝန်များကို မီးရှို့ဖျက်ဆီး

ယူနတီဂျာနယ်လစ်များ ထောင်မှမလွတ်မီ လက်မှတ်ထိုးခဲ့သော ခံဝန်များကို မီးရှို့ဖျက်ဆီး

Written By Aye Minn on Sunday, April 17, 2016 | 10:43 PM

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၄၀၁ အရ လက်မှတ်ထိုးခဲ့သော ခံဝန်ကတိ စာရွက်စာတမ်းများကို မီးရှို့နေစဉ်

ယူနတီဂျာနယ်လစ်များ ထောင်က မလွှတ်ခင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၄၀၁ အရ လက်မှတ်ထိုးခဲ့သော ခံဝန်ကတိ စာရွက်စာတမ်းများကို ယနေ့ (ဧပြီ ၁၇ ရက်) ညပိုင်းတွင် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးချိန်တွင် ကျင့် ၄၀၁ (က) အရ ခံဝန်ကတိ လက်မှတ် ထိုးခိုင်းလေ့ရှိပြီး ယင်းဥပဒေအရ နောက်အမှုများ ကျူးလွန်ပါက ယခုပြစ်မှု ကြွေးကျန်များပါ တပေါင်းတည်း ကျခံရမည်ဖြစ်ကြောင်း သိရှိခြင်း လက်မှတ်ရေးထိုးရခြင်း ဖြစ်ပါသည်။

သို့သော် ယခု ပြန်လွတ်ခဲ့သော ယူနတီဂျာနယ်လစ် ငါးဦးကိုမူ လက်မှတ်ရေးထိုးခဲ့ရသည့် ခံဝန်ကတိ နှင့် ပက်သက်၍ မလိုအပ်ဟု ဆိုကာ ပခုက္ကူအကျဉ်းထောင် တာဝန်ရှိသူများ ဆက်သွယ် ပြောကြားခဲ့ပြီး အဆိုပါ ခံဝန် ကတိစာရွက်စာတမ်းများအား ယူနတီသတင်းထောက်မျာ ရှေ့မှာပင်
ယနေ့ညပိုင်း၌ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။
Writer: 
သက်ထိန်ဝင်းEleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template