Headlines News :
Home » » မြင်းခြံမြို့ တိုးချဲ့မြို့သစ်တွင် မိုးသက်လေပြင်းများနှင့် မိုးသီးများ ကျရောက်ခဲ့ခြင်းကြောင့် သစ်ပင်များ ပြိုလဲခဲ့ပြီး လူနေအိမ် ၅၀ ကျော် ပျက်စီး

မြင်းခြံမြို့ တိုးချဲ့မြို့သစ်တွင် မိုးသက်လေပြင်းများနှင့် မိုးသီးများ ကျရောက်ခဲ့ခြင်းကြောင့် သစ်ပင်များ ပြိုလဲခဲ့ပြီး လူနေအိမ် ၅၀ ကျော် ပျက်စီး

Written By Aye Minn on Thursday, April 7, 2016 | 9:18 AM

တိုးချဲ့မြို့သစ်တွင် မိုးသက်လေပြင်းများနှင့် မိုးသီးများ ကျရောက်ခဲ့ခြင်းကြောင့် သစ်ပင်များ ပြိုလဲခဲ့ပြီး လူနေအိမ်များ ပျက်စီးခဲ့စဉ်
မြင်းခြံမြို့ တိုးချဲ့မြို့သစ်တွင် ဧပြီ  ၅ ရက်နေ့ ညအချိန်က မိုးသက်လေပြင်းများနှင့် မိုးသီးများ ကျရောက်ခဲ့ခြင်းကြောင့် သစ်ပင်များ ပြိုလဲခဲ့ပြီး လူနေအိမ် ၅၀ ကျော် ပျက်ခဲ့စီးကာ အခက်အခဲများ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

ထိုနေ့ ည ၇ နာရီခွဲ အချိန်ခန့်က မြို့သစ် တိုးချဲ့ရပ်ကွက်တွင် လေပြင်းများ တိုက်ခတ်ကာ မိုးရွာခြင်းနှင့်အတူ မိုးသီးများ ကျရောက်ခဲ့ပြီး လူနေအိမ် ၃၀ ခန့် ပြိုကျပျက်စီးခဲ့ကာ အချို့နေအိမ်များမှာ ခေါင်မိုးများ လန်ထွက်ခြင်း၊ ထရံကာများ ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ကာ လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

“မြင်းခြံမြို့ တိုးချဲ့ရပ်ကွက် ဖြစ်ပါတယ်။ မနေ့ ည ၇ နာရီခန့်ကစပြီး လေပြင်းတွေ တိုက်လာတာ မုန်တိုင်းတိုက်တယ်လို့ ထင်တာပါပဲ။ မိုးသီးတွေကျပြီး မိုးရွာပါတယ်။ လေပြင်းတိုက်တော့ လူနေအိမ်တွေ ပြိုလဲ၊ သွပ်တွေ လန်ထွက်ပြီး အချို့သွပ်ပြားတွေ လိုက်ကောက်တာတောင် မတွေ့တော့ပါဘူး။ အိမ်ခေါင်မိုးက လန်ထွက်တဲ့အိမ်တွေ လန်ထွက်၊ ပြိုလဲသွားတဲ့ အိမ်တွပြိုလဲတယ်။ မိုးသီးတွေကျတော့ ကလေးတွေ ဒဏ်ရာရမှာစိုးလို့ ရေစိုနေတဲ့ စောင်တွေနဲ့ပတ်ပြီး ကလေးတွေကို ပွေ့ချီပြီး လွတ်ကင်းရာကို ထွက်ပြေးရပါတယ်။ ပျက်စီးသွားတဲ့ အိမ်ခြေ ၅၀ ကျော်ခန့်ရှိမယ် ထင်ပါတယ်” ဟု နေအိမ်ပြိုကျ ပျက်စီးခဲ့သူ ကိုသက်ရှည်က ဆိုသည်။

ထိုနေ့က မြင်းခြံမြို့၏ တောင်ပိုင်းတွင် မိုးရွာသွန်းခြင်း၊ မိုးသီးကျခြင်း၊ လေတိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း မရှိသော်လည်း မြို့၏ တောင်ပိုင်းရပ်ကွက်များတွင် လေပြင်းတိုက်ခြင်း၊ မိုးသီးကျခြင်း မိုးရွာခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိုးချဲ့မြို့သစ်တွင် လေပြင်းတိုက်ကာ မိုးသီးကျခြင်းများကြောင့် လူနေအိမ်များစွာ ပျက်စီးခဲ့ကာ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိပဲ သောက်သုံးရေနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရပ်ကွက်နေပြည်သူများ က ဆိုသည်။

“မနေ့ညက မိုးသီးတွေကျ လေပြင်းတိုက်နေတဲ့အချိန်တုန်းက ဆူညံနေပြီး သွပ်ပြားတွေ လန်ထွက်ကျိုးကြေကုန်ပါတယ်။ ကျွန်မတို့ ရပ်ကွက်ထဲမှာ လူနေအိမ် တော်တော်များများ ပျက်စီးခဲ့ရပါတယ်။
သစ်ပင်တွေလည်း ပြိုလဲကုန်ပါတယ်။ ဓာတ်ကြိုးတွေ ပြတ်တောက်ကုန်တော့ လျှပ်စစ်အန္တရယ်လည်း ကြုံတွေ့မှာ စိုးရိမ်ရပါတယ်။ နေအိမ်ထဲမှာရှိတဲ့ အ၀တ်အထည်နဲ့ အသုံးအစောင်တွေ စားစရာတွေ ရေစိုပျက်စီးကုန်တော့ သောက်ရေနဲ့ စားစရာအခက်အခဲတွေ ရှိနေလို့ စွန်းလွန်းဂူကျောင်းက ဆရာတော် ဦးနန္ဒိယက လာရောက်အကူအညီပေးလို့ လောလောဆယ် အဆင်ပြေနေတာပါ ”ဟု အဆိုပါရပ်ကွက်မှ မနီလာက ပြောကြားသည်။

မြင်းခြံခရိုင်အတွင်း ဧပြီ ၅ ရက်၌ မိုးရွာခြင်း၊ မိုးသက်လေပြင်းများ ကျခြင်းနှင့် မိုးသီးကြွေကျခြင်းများ နေရာကွက်ကျား ဖြစ်ပေါ်ခဲ့ပြီး တိုးချဲ့မြို့သစ် အပါအ၀င် မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာခန့်တွင် မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသအတွင်း မိုးသီးကျခြင်းနှင့် ပတ်သက်၍ မှတ်တမ်းများဖြင့် ထားရှိကြောင်း မြင်းခြံခရိုင် မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ထွန်းအေးက ပြောကြားသည်။

“အခု ကျွန်တော် မိုးသီးတွေကျတဲ့ ရွာတွေမှာ အခြေအနေမှန်တွေသိရအောင် ကွင်းဆင်း လေ့လာမှုတွေ လုပ်နေပါတယ်။ မိုးသီးကျတာ၊ မိုးရွာတာတွေကို ဒေသအတွင်းမှာ နေရာကွက်ပြီး ဖြစ်ပေါ်ခဲ့ပါတယ်။ မြို့ရဲ့အဓိက မြောက်ပိုင်းနဲ့ အနောက်မြောက်ဘက်မှာ ဖြစ်ပွားခဲ့တယ်။ မိုးထစ်ချုန်းပြီး မိုးသီးကျရတာ ပုံမှန်အပူချိန်ထက် နှစ်၊ သုံး ဒီဂရီလောက် ရုတ်ခြည်းပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အပူချိန်ကတော့ မနှစ်ကလောက်ပါပဲ။ ကျန်းမာရေးအတွက်က မိုးသီးကျထားတော့ အပူထဲတွေ သိပ်မထွက်စေချင်ပါဘူး” ဟု မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှ ဦးဇော်ထွန်းအေးက ပြောကြားသည်။        
Writer: 
မိုးဟိန်း Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template