Headlines News :
Home » » Asia’s Next Top Model Season 4 ၏ ဆန်ခါတင် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် မေမြတ်နိုး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆင့် ရက်သတ္တပတ်ယှဉ်ပြိုင်မှုတွင် ထိပ်ဆုံး ခြောက်ဦးစာရင်း၌ ပါဝင်ရွေးချယ်ခံရ

Asia’s Next Top Model Season 4 ၏ ဆန်ခါတင် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် မေမြတ်နိုး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆင့် ရက်သတ္တပတ်ယှဉ်ပြိုင်မှုတွင် ထိပ်ဆုံး ခြောက်ဦးစာရင်း၌ ပါဝင်ရွေးချယ်ခံရ

Written By Aye Minn on Friday, March 11, 2016 | 5:34 PM


Asia’s Next Top Model Season 4 ပထမ ရက်သတ္တပတ်တွင် မေမြတ်နိုး ပါဝင်ယှဉ်ပြိုင်ခဲ့မှု (ဓာတ်ပုံ-Asia’s Next Top Model Facebook)
Asia’s Next Top Model Season 4 ၏ ဆန်ခါတင် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် မြန်မာ ကိုယ်စားပြု အလှမယ်မေမြတ်နိုး ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆင့် ရက်သတ္တပတ် ယှဉ်ပြိုင်မှုတွင် အကဲဖြတ်ဒိုင်များ၏ ချီးကျူးစကား ပြောကြားခံခဲ့ရကာ ထိပ်ဆုံး ခြောက်ဦးစာရင်း၌ ပါဝင် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ Asia’s Next Top Model Season 4 ယှဉ်ပြိုင်မှုကို Star World ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။
Asia’s Next Top Model Season  ပြိုင်ပွဲမှာ အာရှနိုင်ငံ အသီးသီးမှ ကိုယ်စားပြု မော်ဒယ်လ်များ ရွေးချယ်ကာ ခက်ခဲသည့် ပုံစံအမျိုးမျိုးဖြင့် အလှဓာတ်ပုံများ ရိုက်ကူးခြင်း၊ ပြိုင်ပွဲဝင် တစ်ဦးချင်း၏ Talent များ ဖော်ထုတ်ယှဉ်ပြိုင်ရခြင်း၊ အားကစားနည်းများ ကစားရခြင်း၊ မော်ဒယ်လ်ရှိုးလျှောက်၍ ပါဝင်ယှဉ်ပြိုင်ရခြင်း စသည့်ပုံစံအမျိုးမျိုးဖြင့် ယှဉ်ပြိုင်ရသည့်ပြိုင်ပွဲ ဖြစ်သည်။
“မြတ်နိုးအတွက် နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ပါဝင် ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီပြိုင်ပွဲက အာရှနိုင်ငံ အသီးသီးက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်တာ ဖြစ်တဲ့အပြင် အာရှမှာ နာမည်ကြီးတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်တာကြောင့် နောက်ထပ် ဂုဏ်တစ်ခုအနေနဲ့ ဆောင်နိုင်အောင် ပါဝင် ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီအစီအစဉ်မှာ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲပုံစံအရတော့ တစ်ပတ်ကို တစ်ယောက်ဖြုတ်သွားမှာပါ။ နောက်ဆုံးအဆင့်အထိ ပါသွားအောင်တော့ အကောင်းဆုံး ကြိုးစားမှာပါပဲ။ အဓိကတော့ အလှဓာတ်ပုံတွေရယ်၊ Talent ရယ် တော်တဲ့သူတွေကို နောက်တစ်ဆင့် ပေးတက်တဲ့ အစီအစဉ်ပါ” ဟု အလှမယ် မေမြတ်နိုးက ဆိုသည်။
Asia’s Next Top Model Season 4 ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ဗီယက်နမ်စသည့် နိုင်ငံများမှ ဆန်ခါတင် ပြိုင်ပွဲဝင် ၁၄ ဦး ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။  Season 4 ပြိုင်ပွဲ၏ ပထမဆုံး ရက်သတ္တပတ် ယှဉ်ပြိုင်မှုကို မတ် ၉ ရက် ညပိုင်းတွင် Star World ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသခဲ့သည်။ ယခုရက်သတ္တပတ်တွင် လျှောပုံသဏ္ဌာန် တည်ဆောက်ထားသည့်  Run Way ပေါ်၌  Catwalk လျှောက်ခြင်း၊ အလုံပိတ်ထားသည့် ဖန်ဘောလုံးထဲတွင် ၀င်ရောက်ကာ ယင်းဖန်ဘောလုံးကို အမြင့်သို့ဆွဲတင်၍ ယင်းဖန်ဘောလုံးအတွင်းတွင် ကိုယ်နေဟန်ထား အမျိုးမျိုး ပြုလုပ်စေကာ ဓာတ်ပုံရိုက်ကူးခြင်း ပြုလုပ်စေခဲ့သည်။ မေမြတ်နိုးသည် ဖန်ဘောလုံးအတွင်းတွင် ကိုယ်နေဟန်ထားအမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ပြီး နောက်လဲကျသွားခဲ့ကာ ယင်းဖန်ဘောလုံးအား အောက်သို့ပြန်ချချိန်တွင် ကြောက်ရွံ့စိတ်ဖြင့် ငိုကျွေးခဲ့သည်။ သို့သော် ယင်းဓာတ်ပုံများ ရိုက်ကူးခဲ့မှုနှင့် ပတ်သက်၍ ရလဒ်များကြေညာချိန်တွင် မြန်မာကိုယ်စားပြုမော်ဒယ်လ် မေမြတ်နိုးအား ဖန်ဘောလုံးအတွင်းတွင် ကြောက်ရွံ့စိတ် ဖြစ်ပေါ်ခဲ့သော်လည်း အကောင်းဆုံး ကိုယ်နေဟန်ထားများဖြင့် ဓာတ်ပုံရိုက်ကူးခဲ့ခြင်းကို အကဲဖြတ်ဒိုင်က ချီးကျူးစကားပြောကြားခဲ့ကာ နောက်တစ်ဆင့်အတွက် တက်လှမ်းရမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ မေမြတ်နိုးသည် ပြိုင်ပွဲဝင် ၁၄ ဦးအနက် ရမှတ် ၂၉ ဒသမ ၂ မှတ်ဖြင့် ထိပ်ဆုံး ခြောက်ဦးအဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။                         

လင်းလင်းခိုင် Eleven Media Group



Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template