Headlines News :
Home » » လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုအတွက် မုံရွာမြို့တွင် အထက်ဗမာပြည် ကျောင်းသားများသမဂ္ဂ ဆန္ဒထုတ်ဖော်

လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုအတွက် မုံရွာမြို့တွင် အထက်ဗမာပြည် ကျောင်းသားများသမဂ္ဂ ဆန္ဒထုတ်ဖော်

Written By Aye Minn on Saturday, February 27, 2016 | 10:56 PM


လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုအတွက် မုံရွာမြို့တွင် (အထက်ဗမာပြည်) ကျောင်းသားများ သမဂ္ဂမှ ဆန္ဒထုတ်ဖော်နေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီခန့်က ၂၀၁၆ ခုနှစ် မတ် ၁၀ ရက်တွင် တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်သည့် လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းမှုနှင့် ဆန္ဒပြ ကျောင်းသား၊ ကျောင်းသူများနှင့် ၀န်းရံပြည်သူများ ဖမ်းဆီးခံရမှုအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (အထက်ဗမာပြည်) မှ ကျောင်းသား၊ ကျောင်းသူအင်အား ၁၀၀ နီးပါးက မုံရွာမြို့ ကျောက္ကာလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်အထိ ချီတက်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန္ဒပြချီတက်ရာတွင် မုံရွာမြို့မှ ဗကသ ကျောင်းသား၊ ကျောင်းသူများသာမက အထက်မြန်မာပြည်ရှိ တက္ကသိုလ်ကျောင်းများမှ ဗကသ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက်ပူးပေါင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြရာတွင် ပါဝင်သည့် ကျောင်းသား ကိုစည်သူထွန်းက "လက်ပံတန်းကျောင်းသား သပိတ်မှာ အစိုးရဘက်က ဟန်ပြ လိုက်လျောခဲ့တာတွေပဲ။ အချက် ၁၁ ချက်ကို မူဝါဒအနေနဲ့ သဘောတူပါတယ် ဆိုတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ မရခဲ့ပါဘူး။ ကျောင်းသားတွေ အဖမ်းခံရတာပဲ ရှိခဲ့တယ်။ ဒီနိုင်ငံမှာ ဒီမိုကရေစီဆိုတာ မရှိသေးဘူး။ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးစေချင်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ၊ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို လွှတ်ပေးစေချင်တယ်" ဟု ပြောကြားသည်။

အထက်ဗမာပြည် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုဥာဏ်လင်းထက်က "အမှန်ကတော့ လက်ပံတန်း ကျောင်းသားသပိတ် ဖြို ခွင်းခံရမှုက မတ် ၁၀ ရက်မှာ တစ်နှစ်ပြည့်မှာပါ။ ဒါပေမဲ့ မတ် ၉ ရက်မှာ ၁၀ တန်းစာမေးပွဲ စဖြေမှာ ကျွန်တော်တို့ရဲ့ ကျောင်းသားညီငယ်၊ ညီမငယ်တွေရဲ့ စာမေးပွဲ ဖြေဆိုမှုကို အနှောင့်အယှက် မဖြစ်အောင် ရက်ရွှေ့ပြီးတော့ အကြို အနေနဲ့ ဒီနေ့လုပ်လိုက်တာပါ" ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (အထက်ဗမာပြည်) အကြိုညီလာခံမှ တောင်းဆိုလိုက်သော နိုင်ငံရေး တောင်းဆိုချက်များဖြစ်သည့် အချက် ၁၆ ချက်ပါ စာရွက်များကိုလည်း ဆန္ဒထုတ်ဖော်သည့် လမ်းတစ်လျှောက်တွင် ဖြန့်ဝေခဲ့ကြသည်။
Writer:
စိုးမိုးထွန်း (မုံရွာ) Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template