Headlines News :
Home » » တာမွေမြို့နယ်၌ သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းမိခဲ့သည့် အမျိုးသားအား စစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွဆေးပြား သုံးသိန်းကျော် ထပ်မံဖမ်းမိ

တာမွေမြို့နယ်၌ သေနတ်၊ ကျည်ဆန်များနှင့်အတူ ဖမ်းမိခဲ့သည့် အမျိုးသားအား စစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွဆေးပြား သုံးသိန်းကျော် ထပ်မံဖမ်းမိ

Written By Aye Minn on Thursday, February 11, 2016 | 9:56 AM



တာမွေမြို့နယ်၌ ရပ်ထားသောယာဉ်ပေါ်မှ  ပစ္စတိုတစ်လက်နှင့် ကျည်ဆန် ၇၂ တောင့် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးအား ဖေဖော်ဝါရီ ၆ ရက်က ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက သတင်းရရှိသည်။

ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းရှိ  Victoria International School အရှေ့ဘယ် ဘက်ကြောတွင် မီးဖွင့်ကာ စက်နှိုးရပ်ထားသော MDY-1G^.... Toyota Hilux Vigo Kun 26  ယာဉ်အား တာမွေမြို့မရဲစခန်းမှ တာဝန်သူများက လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ အောင်မြတ်ကျော် (ခ) ညီညီစိုး (၂၆) နှစ်၏ ဘေးလွယ်အိတ်ထဲမှ Ausatria နိုင်ငံလုပ် GNP -190 နံပါတ်ပါ  9MM သံကိုယ်ထည် အနက်ရောင် ပစ္စတိုတစ်လက် (လေဆာပါ)၊ 9MM  LUGER တံဆိပ် ကျည် ၁၂ တောင့် ဖြည့်ထားသော ကျည်အိမ် တစ်ခု၊ 9MM  LUGER တံဆိပ် ကျည် ၁၀ တောင့်ဖြည့်ထားသော ကျည်အိမ်တစ်ခုနှင့် 9MM  LUGER တံဆိပ် ကျည်အတောင့် ၅၀ ပါသော  စက္ကူ ဘူး တစ်ဘူးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်ကိုင်ဖုန်း သုံးလုံး၊ အောင်ကြည်မင်း အမည်ပါ မှတ်ပုံတင်တစ်ခု၊ ညီညီစိုးအမည်ပါ မှတ်ပုံတင်တစ်ခု၊ ငွေစုစာအုပ်နှင့် ယာဉ်မောင်းလိုင်စင် တစ်ခု၊ အောင်မြတ်ကျော် အမည်ပါ မှတ်ပုံတင်တစ်ခုနှင့် ပတ်စ်ပို့စာအုပ် တစ်အုပ်၊ ATM ကတ် တစ်ကတ်၊ ငွေကျပ်သိန်း ၁၅၀ လွှဲအပ်ပေးထားသော ပြေစာတစ်ရွက်၊  ကျပ် ၅၀၀၀ တန် ငွေစက္ကူ  ၁၃၃ ရွက်၊ ငွေစက္ကူ အရော ကျပ်  ၆၃၀၀၊ မှတ်စုစာအုပ်နှစ်အုပ် နှင့် ပိုက်ဆံအိတ် တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည့်အတွက် တာမွေမြို့မရဲစခန်းမှ(ပ) ၁၁၇/၂၀၁၆၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယင်းနောက် အောင်မြတ်ကျော်အား ဆက်လက် စစ်ဆေးမေးမြန်းရာ မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် ဘုမ္မာ(၂)လမ်းအတွင်းနေထိုင်သည့် ဝေသာထွန်း (ခ) မျိုးဇော် (၃၄)နှစ်၏ နေအိမ် Sound Box အတွင်း နှင့် နေအိမ် လှေခါးအုတ်ခုံ အံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၈၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ၏ ပိုင်ရှင်ဖြစ်သူမှာ တာမွေမြို့နယ်တွင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် အောင်မြတ်ကျော် ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိထားသည့် ဝေသာထွန်းနှင့် အောင်မြတ်ကျော်တို့၏ ပတ်သက်မှုကိုမူ မသိရှိရသေးပေ။

“တာမွေမှာ လက်နက်မှုနဲ့ ဖမ်းမိတဲ့ အောင်မြတ်ကျော်ကို စစ်တော့ မြောက်ဥက္ကလာမှာ မူးယစ်ဆေးဝါးတွေ ထပ်မိတာပါ။ ဒီ စိတ်ကြွဆေးပြားတွေကို ပိုင်တာက အောင်မြတ်ကျော်က ပိုင်တာ။ သူ့ကို ကျွန်တော်တို့ စခန်းက မစစ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ပြီး စစ်ဆေးနေတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက အောင်မြတ်ကျော် အားစစ်ဆေးရာ၌ လှိုင်သာယာမြို့နယ်အတွင်း လက်နက်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားသည်။

ယင်းသို့ လှိုင်သာယာမြို့နယ်အတွင်း လက်နက်များ ထပ်မံဖမ်းဆီးရမိသည်ဟု စုံစမ်းသိရှိရသဖြင့် လှိုင်သာယာမြို့နယ် ရဲမှူးသန်းဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက “လက်နက်တွေ လှိုင်သာယာမှာ ဖမ်းမိတယ်ဆိုတာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရတာ။ အဲဒီတော့ တိုင်းရုံးကိုပဲ မေးကြည့်လိုက်ပါ။ သူတို့ပဲ ဒါနဲ့ပတ်သက်ပြီး သိလိမ့်မယ်။ ကျွန်တော်တို့ကတော့ မသိဘူး”ဟု ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းက ပြန်လည်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးအား လှိုင်သာယာမြို့နယ်အတွင်း လက်နက်များ ဖမ်းဆီးရမိခြင်း ရှိ၊ မရှိကို ဆက်သွယ်မေးမြန်းရာ “အမှုကို စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဘာကိုမှ ပြောပြလို့မရဘူး။ မီဒီယာတွေကို တစ်ခုခုပြောလိုက်ရင် အမှုနဲ့ ပတ်သက်တဲ့သူတွေ တိမ်းရှောင်တာတွေရှိရင် အမှုကိုဆက်လိုက်ရတာ ခက်ခဲသွားတယ်။ အဲဒါကြောင့် စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဘာမှပြောလို့ မရသေးဘူး။ အားလုံးသိရင် တရားဝင် ထုတ်ပြန်ပေးသွားပါ့မယ်”ဟု ပြောကြားသည်။

Writer: 
ရှိုင်းလင်းအောင် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template