Headlines News :
Home » » တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်လေ့ကျင့်ရေးသင်တန်း၏ ဒုတိယပတ်စစ်ရေးပြ သင်ခန်းစာများကို လေ့ကျင့်သင်ကြား

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်လေ့ကျင့်ရေးသင်တန်း၏ ဒုတိယပတ်စစ်ရေးပြ သင်ခန်းစာများကို လေ့ကျင့်သင်ကြား

Written By Aye Minn on Sunday, February 21, 2016 | 10:18 AM


နေပြည်တော် ဖေဖော်ဝါရီ ၁၉
တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းများဖြစ်သော ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များရှိ တက္ကသိုလ်များ၌ ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ မိမိတို့၏သဘောဆန္ဒအလျောက်ဆန္ဒပြုသော တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများသည် သင်တန်းစတင်ဖွင့်လှစ်ခဲ့သည့် နှစ်ပတ်တာကာလအတွင်းတွင် သက်ဆိုင်ရာသင်ရိုးညွှန်းတမ်းအလိုက် သင်ခန်းစာများကို တက်ကြွစွာလေ့ကျင့်သင်ကြားလျက်ရှိ သည်။ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံ စစ်ပညာများသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန်ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းများကို ယခင်က တက္ကသိုလ်ကျောင်းဆရာနှင့်ကျောင်းသားများကို သာ လေ့ကျင့်သင်ကြားပေးခဲ့၍ ယခု ၂၀၁၅-၂၀၁၆ပညာသင်နှစ်အတွက် လေ့ကျင့်ရေးသင်တန်းတွင် ဆရာမနှင့် ကျောင်းသူများကိုပါ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းအသီးသီးအလိုက် သင်တန်းသားစုစုပေါင်း တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၂၉၀၀ ကျော်တက်ရောက်လေ့ကျင့်သင်ကြားလျက်ရှိသည်။ လက်ရှိသင်တန်းကာလ ဒုတိယပတ်တွင် သက်ဆိုင်ရာသင်ရိုးညွှန်းတမ်းအလိုက် စစ်ရေးပြသင်ခန်းစာကို သင်ကြားလျက်ရှိကာ ထပ်မံ၍ လက်နက်ငယ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊ အုပ်ချုပ်မှု၊ စက်ပစ်ကွင်းပစ်ခတ်စဉ်၊ အနီးကပ်တိုက်နည်း၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကျန်းမာရေးနှင့်ရှေးဦးသူနာပြု စသည့်သင်ခန်းစာများ ကို သင်တန်းအမျိုးအစားအလိုက် သာမန်အချိန်နှင့်စခန်းချကာလဟူ၍ခွဲခြားကာ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template