Headlines News :
Home » » အမျိုးသားလွှတ်တော်တွင် အမြဲတမ်းကော်မတီ ၄ ခု တွင် ပါဝင်သည့် လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများအား ဖွဲ့စည်း

အမျိုးသားလွှတ်တော်တွင် အမြဲတမ်းကော်မတီ ၄ ခု တွင် ပါဝင်သည့် လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများအား ဖွဲ့စည်း

Written By Aye Minn on Friday, February 5, 2016 | 11:29 PM


အမျိုးသားလွှတ်တော်၏ အမြဲတမ်းကော်မတီ ၄ ခုတွင် ပါဝင်သည့် လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့အား ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ထပ်မံဖွဲ့စည်းခဲ့သည်။
လွှတ်တော်အခွင့်အရေးကော်မတီတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်အား ကော်မတီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးရာထူးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမင်းဦး၊ ဗိုလ်ချုပ်သန်းစိုး(တပ်မတော်သား ကိုယ်စားလှယ်) အပါအ၀င် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ထို့အပြင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ ဦးသိမ်းဆွေအား ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဦးကျော်နီနိုင် (ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁)၊ ဗိုလ်မှူးချုပ် သက်ထွန်းအောင်(တပ်မတော်သား ကိုယ်စားလှယ်) စသည်ဖြင့် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်း (စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆)၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်ဉာဏစိုး (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃)၊ ဦးအောင်ကြည်ညွန့် (မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၎)၊ ဒေါ်နန်းနီနီအေး (ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်၆)၊ ဗိုလ်မှူးချုပ် ခင်မောင်အေး (တပ်မတော်သား ကိုယ်စားလှယ်) စသည်ဖြင့် ၁၅ ဦး ဖြင့်ဖွဲ့စည်းခဲ့သည်။
ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးစောသန်းထွန်း (ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂)၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ဦးဂျေယောဝူ (ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁)၊ ဗိုလ်မှူးချုပ်အောင်ဆန်းချစ် (တပ်မတော်သား ကိုယ်စားလှယ်) စသည်ဖြင့် ကိုယ်စားလှယ် ၁၅ ဦး ဖြင့်ဖွဲ့စည်းခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ရေးရာကော်မတီ ဖွဲ့စည်းရာတွင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template