Headlines News :
Home » , » မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းမိသည့်အမှုမှ ကျူးလွန်သူ မင်းဦးခိုင်အပါအ၀င် ရှစ်ဦးအား ရုံးထုတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်ဦးကို ဖမ်းမမိသေးကြောင်း ရဲအရာရှိတစ်ဦး လာရောက်ထွက်ဆို

မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းမိသည့်အမှုမှ ကျူးလွန်သူ မင်းဦးခိုင်အပါအ၀င် ရှစ်ဦးအား ရုံးထုတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်ဦးကို ဖမ်းမမိသေးကြောင်း ရဲအရာရှိတစ်ဦး လာရောက်ထွက်ဆို

Written By Aye Minn on Wednesday, January 6, 2016 | 11:01 PM


မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိသည့်ဖြစ်စဉ်မှ ကျူးလွန်သူများကို ရုံးထုတ်လာစဉ်

မင်္ဂလာဒုံမြို့နယ်ရှိ ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိသည့်ဖြစ်စဉ်မှ ကျူးလွန်သူ KALADAN  DELTA  DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မင်းဦးခိုင် အပါအ၀င် ရှစ်ဦးကို ဇန်န၀ါရီ ၆ ရက်က အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး (၆) တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ မင်္ဂလာဒုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်၌ ပါဝင်ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ကျူးလွန်သူစုစုပေါင်းမှာ ခြောက်ဦးရှိပြီး ၎င်းတို့ကို ဖမ်းမမိသေးကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းက ဒုရဲအုပ် ကျော်ဌေးလွင်က ဇန်န၀ါရီ ၆ ရက် ရုံးချိန်းတွင် ဒုတိယခရိုင်တရားသူကြီး (၆) တရားခွင်သို့ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။
 
“ဖြစ်စဉ်မှာက ကျွန်တော်တို့ စစ်ဆေးချက်အရတော့ ထွက်ပြေးတိမ်းရှောင်နေသူ ၂၀ ရှိတယ်။ ဖမ်းမိသူတွေအပါအ၀င် ထွက်ပြေးတိမ်းရှောင်နေသူတွေ အကုန်လုံးကို လွန်ခဲ့တဲ့အပတ်ကမှ စတင် တရားစွဲဆိုတာဖြစ်ပါတယ်။ တရားစွဲတဲ့နေ့မှာပဲ တရားရုံးက ထွက်ပြေးတိမ်းရှောင်သူတွေကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းခိုင်းတယ်။ ကျူးလွန်သူတွေက များတဲ့အတွက် ရက်ပိုင်းအတွင်းမှာ အကုန်လုံး လိုက်လံစုံစမ်းဖမ်းဆီးဖို့ဆိုတာ မလွယ်ပါဘူး။ ဒီနေ့ လာရောက်ထွက်ဆိုတဲ့ ရဲအရာရှိကလည်း တရားရုံး ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်းအတွင်းမှာ သူစုံစမ်းလို့ရထားတဲ့  ထွက်ပြေးတိမ်းရှောင်သူ ၂၀ ထဲက ခြောက်ယောက်ဟာ အမှန်တကယ် ထွက်ပြေးတိမ်းရှောင်နေပါတယ်။ သူတို့ ဖမ်းမမိသေးပါဘူးဆိုပြီးတော့ လာရောက်အတည်ပြု ထွက်ဆိုတာဖြစ်ပါတယ်” ဟု မင်္ဂလာဒုံ မြို့မရဲစခန်းတွင် တာဝန်ကျခဲ့ဖူးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်ဦးမှာ ဘိုဘို (ခေါ်) ဘိုဘိုထွန်း၊ ခိုင်ဝင်း (ခေါ်) ခိုင်ဝင်းလှိုင်၊ ၀င်းလှိုင် (ခေါ်) ဦးဝင်းလှိုင်၊ ခိုင်ကျော်လင်း၊ လှမောင် (ခေါ်) အောင်လင်း (ခေါ်) ပြည်စိုး၊ ခိုင်ထူးတို့ဖြစ်ကြောင်း သိရသည်။
 
ယင်းဖြစ်စဉ်မှ မင်းဦးခိုင် အပါအ၀င် ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွှန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း(ခေါ်) ချိုချိုဝင်း၊ မ၀င်းငြိမ်းခိုင်နှင့် ထွက်ပြေးလွတ်မြောက်နေသူ ခြောက်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၂၁/ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
 
ယင်းကဲ့သို့ ၂၀၁၅ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် တာမီနယ် ဆီဆိုင်ဘေး ဇေကမ္ဘာဝင်းရှိ  ခြောက်လမ်းသွား လမ်းမပေါ်၌ နံနက် ၅ နာရီက ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ်တစ်စီးအား မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတာဝန်ရှိသူများက လှည့်ကင်းလှည့်ချိန်တွင် စစ်ဆေးရှာဖွေရာ ပီနံအိတ် ၈၉ အိတ်ဖြင့် ထုတ်ထားသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို ဖမ်းဆီးရမိ တန်ဖိုးမှာ ကျပ် ၁၃၃ဘီလျံကျော် ရှိကြောင်း သိရသည်။
 
ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ သြဂုတ်လတွင် မြောက်ဒဂုံမြို့နယ်၌ WY ပန်းရောင် မူးယစ်ဆေးပြား ၁၅ သိန်းခန့်အား သိမ်းဆည်းရမိခဲ့ပြီး စံချိန်တင် စိတ်ကြွဆေးပြားများတွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရေလုပ်ငန်းလုပ်ကိုင်သော KALA DAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ်အတွင်းရှိ Arakanbay ဆောက်လုပ်ရေးကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူအချို့ ပါဝင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတာဝန်ရှိသူများထံမှ သိရသည်။
 
ထို့ပြင် စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟုဆိုသည့် KALADAN  DELTA  DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မင်းဦးခိုင်ကိုလည်း ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က မြ၀တီမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
 
၎င်းအား စစ်ဆေးပေါ်ပေါက်ချက်အရ စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာအတွင်းရှိ နေအိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် ဆက်စပ်၍ စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ပင် ကျပ် ၁၉ ဘီလျံကျော် တန်းဖိုးရှိ မူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
 
အရှေ့ပိုင်းခရိုင်အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့မြို့ နယ်တို့မှ  စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်များ နှင့်ပတ်သက်၍  ကျူးလွန်သူ ၁၁ ဦးနှင့် ထွက်ပြေး လွတ်မြောက်နေသူ ၂၄ ဦးတို့အား ဒီဇင်ဘာ ၃၀ ရက်က အရှေ့ပိုင်းခရိုင်တရားရုံး၌ စတင်တရားစွဲဆိုခဲ့သည်။
 
Writer: 
အောင်မျိုးသန့်၊ မင်းသိန်းနိုင် (Eleven Media Group)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template