Headlines News :
Home » » Miss Supranational 2015 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ် L ဘောက်နူးမှ Best In Evening Gown ဆုနှင့် Miss Internet ဆု ဆွတ်ခူးရရှိခဲ့ပြီး Miss Supranational Winner ဆုကို Miss PARAGUAY မှရရှိ

Miss Supranational 2015 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ် L ဘောက်နူးမှ Best In Evening Gown ဆုနှင့် Miss Internet ဆု ဆွတ်ခူးရရှိခဲ့ပြီး Miss Supranational Winner ဆုကို Miss PARAGUAY မှရရှိ

Written By Aye Minn on Saturday, December 5, 2015 | 8:56 AM



Miss Supranational 2015 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် L ဘောက်နူးမှ Best In Evening Gown ဆုနှင့် Miss Internet ဆု ဆွတ်ခူးရရှိခဲ့ပြီး Miss Supranational Winner ဆုကို
 Miss PARAGUAY မှဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါMiss Supranational 2015 နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၁ နာရီတွင် ကျင်းပခဲ့ပြီး National Costume၊ Evening Gown၊ Swim Suit တို့ဖြင့် အဆင့်ဆင့် ကျင်းပခဲ့သည်။ ၄င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၈၂ နိုင်ငံမှ နိုင်ငံကိုယ်စားပြု အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် အလှမယ် Lဘောက်နူးမှ ပါဝင်ယှဉ်ပြိုင်ရန် အတွက် Miss Golden Land Myanmar Organization မှ ရွေးချယ်စေလွှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းပွဲတွင် မြန်မာအလှမယ် ၀တ်ဆင်ယှဉ်ပြိုင်ခဲ့သည့် National Costume ၀တ်စုံကို ဒီဇိုင်နာ မပုံ့မှ တီထွင်ချုပ်လုပ် ပေးထားခြင်းဖြစ်ပြီး Evening Gown ကို ဒီဇိုင်နာ သျှီလာမှ တီထွင်ချုပ်ပေးထားခြင်း ဖြစ်သည်။

မြန်မာအလှမယ် Lဘောက်နူးမှာ ဒီဇိုင်နာ သျှီလာ တီထွင်ချုပ်ပေးခဲ့သည့် Evening Gown ဖြင့်Best In Evening Gown ဆုကို ရရှိခဲ့ပြီး၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ ပရိသတ်များ၏ အွန်လိုင်းမှ မဲပေးရာတွင် မဲအရေအတွက် အများဆုံးရရှိခဲ့၍ Miss Internet ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။
Miss Supranational ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှ လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာအလှမယ် ဟန်သီမှ လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုများလည်း အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် L ဘောက်နူးမှ တတိယ အကြိမ်မြောက် ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး၊ L ဘောက်နူးမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက Golden Land Myanmar Organization နှင့် ပူးပေါင်း၍ အနုပညာ လှုပ်ရှားမှုများနှင့် ပရဟိတအလုပ်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Writer: 
သဲသီရိကျော် EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template