Headlines News :
Home » » ISIS အဖွဲ့ က ကျည်ဆန်များနှင့် ခြိမ်းခြောက်စာအား အီတလီဝန်ကြီးတစ်ဦး ထံပေးပို့

ISIS အဖွဲ့ က ကျည်ဆန်များနှင့် ခြိမ်းခြောက်စာအား အီတလီဝန်ကြီးတစ်ဦး ထံပေးပို့

Written By Aye Minn on Sunday, December 20, 2015 | 12:48 AM




ရောမ ၊ ၁၉-၁၂-၂ဝ၁၅

အီတလီ တရားရေးဝန်ကြီး အန်ဒရီယာ အော်လန်ဒိုသည် ဒီဇင်ဘာ ၁၇ ရက်က ISIS စစ်သွေးကြွ အဖွဲ့ထံမှ ကျည်ဆန်များနှင့် ခြိမ်းခြောက်စာကို လက်ခံရရှိ ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ဝန်ကြီးသည် ISIS စစ်သွေးကြွ အဖွဲ့၏ လက်မှတ်ပါရှိသော အဆိုပါ ခြိမ်းခြောက်စာနှင့် အတူ ကျည်ဆန် နှစ်တောင့်အား လက်ခံရရှိ ခဲ့ကြောင်း၊ ခြိမ်းခြောက်စာတွင် ISIS စစ်သွေးကြွ  အဖွဲ့က အီတလီနိုင်ငံသို့ မကြာမီ လာရောက်မည် ဖြစ်ပြီး ဝန်ကြီး အန်ဒရီယာ အော်လန်ဒို အား ခေါင်းဖြတ် သတ်ဖြတ်မည်ဟု အာရပ် ဘာသာဖြင့် ရေးသား ထားကြောင်း ယင်း အမျိုးသမီးက ပြောကြားသည်။

အော်လန်ဒိုနှင့် တရားရေးဝန်ကြီး ဌာန အနေဖြင့် ယခင်က ယခုကဲ့သို့ ခြိမ်းခြောက် မှုမျိုးနှင့်ကြုံတွေ့ ခဲ့ဖူးခြင်း မရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ အီတလီနိုင်ငံသည် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သော ပဲရစ်မြို့ တိုက်ခိုက်ခံ ရပြီးနောက် နိုင်ငံတွင်း လုံခြုံရေးကို တိုးမြှင့်ခဲ့ကြောင်း သိရသည်။


(Pyi Chit Thar)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template