Headlines News :
Home » » အီရတ်တွင် အမေရိကန် ညွှန့်ပေါင်း၏ လေကြောင်းတိုက်ခိုက်မှုကြောင့် IS ဘဏ္ဍာရေးအကြီးအကဲ သေဆုံး

အီရတ်တွင် အမေရိကန် ညွှန့်ပေါင်း၏ လေကြောင်းတိုက်ခိုက်မှုကြောင့် IS ဘဏ္ဍာရေးအကြီးအကဲ သေဆုံး

Written By Aye Minn on Friday, December 11, 2015 | 8:26 PM


 ဒီဇင်ဘာ ၉ ရက်က ဘဂ္ဂဒက်အနောက်ဘက် မိုင် ၆၀ အကွာရှီ ရာမာဒီမြို့တွင် တွေ့ရသော အကြမ်းဖက်မှု တန်ပြန်ရေး အီရတ်တပ်ဖွဲ့ဝင်များ

အီရတ်တွင် ပြီးခဲ့သောလက အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း၏ လေကြောင်းတိုက်ခိုက်မှုကြောင့် IS အဖွဲ့၏ ဘဏ္ဍာရေးအကြီးအကဲတစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဘက်က ဒီဇင်ဘာ ၁၀ ရက် တွင် ပြောကြားခဲ့ရာ အစွန်းရောက်အဖွဲ့၏ ဘဏ္ဍာရေးကွန်ရက်ကို ထပ်မံထိုးနှက်ချက် တစ်ခုဖြစ်လာခဲ့သည်။ IS အဖွဲ့၏ ဘဏ္ဍာ ရေးစနစ်ကွပ်ကဲမှုတွင် အတွေ့အကြုံရင့်ပြီး ထိပ်တန်းအဖွဲ့ဝင် တစ်ဦးဖြစ်သည်ဟု ရှုမြင် ခံရသော အဘူဆာလက်သည် ပြီးခဲ့သော နိုဝင်ဘာနှောင်းပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဝါရင်းက ဘဂ္ဂဒက်မှနေ၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြောကြားခဲ့သည်။

အဘူဆာလက်သည် မကြာသေးမီက တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သော IS အဖွဲ့ ဘဏ္ဍာရေးကွန်ရက်၏ တတိယမြောက် အဖွဲ့ဝင်ဖြစ်ကြောင်း ၀ါရင်းက ပြောကြားခဲ့သည်။ IS အဖွဲ့၏ ဘဏ္ဍာရေး အခြေခံ အဆောက်အအုံများကို ဖျက်ဆီးပစ်ရန် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း၏ လေကြောင်း တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းအတွင်း အဘူဆာလက်နှင့်အတူ သူ၏တွဲဖက် နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း IS တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ် ဘရက် မက်ဂါ့က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ အကြမ်းဖက်သမားစာရင်းတွင် အဘူဆာလက်သည် အသက် ၄၂ နှစ်ရှိ အီရတ်နိုင်ငံသားဖြစ်ပြီး အမည်ရင်းမှာ မူဝါဖက်မူစတာဖာမူဟာ မက်အယ်လ်ကာမူရှ်ဟု ဖော်ပြထားသည်။

အဘူဆာလက်နှင့်အတူ သေဆုံးခဲ့သူနှစ်ဦး မှာ IS အဖွဲ့၏ ခြိမ်းခြောက်ငွေညှစ်သော ကွန်ရက်၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အဘူမာရမ်နှင့် IS အဖွဲ့က လူများ၊ လက်နက်များနှင့် သတင်းအချက်အလက်များ လွှဲပြောင်းပေးမှုတွင် တာဝန်ရှိသော အဘူဝက်မန်အယ်တူနစ်တို့ဖြစ်ကြောင်း ၀ါရင်းက ပြောကြားခဲ့သည်။

ပါရီတွင် ပြီးခဲ့သောလက အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သည် အီရတ်သို့ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး ယင်းအဖွဲ့သည် ဆီးရီးယားနိုင်ငံထဲသို့ဝင်ရောက်၍ IS  ခေါင်းဆောင်များကို ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် စီးနင်းဖမ်းဆီးမှုများလည်း လုပ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

    IS အဖွဲ့သည် မှောင်ခိုဈေးကွက်တွင် ရေနံရောင်းချမှုမှ ဒေါ်လာသန်း ၅၀၀ ကျော် ရရှိခဲ့ကြောင်း၊
၎င်းတို့ ထိန်းချုပ်ထားသော အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေများမှ ဘဏ်များကို လုယက် ဖောက်ထွင်းမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်မှုများမှတစ်ဆင့် ဒေါ်လာ သန်းနှင့်ချီ ရရှိခဲ့ကြောင်းလည်း သိရသည်။                                            
Writer: EMG
Ref:AFP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template