Headlines News :
Home » » စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရန်ဆွေးနွေး

စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရန်ဆွေးနွေး

Written By Aye Minn on Wednesday, December 2, 2015 | 10:50 PM

dassk-theinsein-one-620.jpg
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Myanmar President Office
ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရင်က အစဉ်အလာမရှိခဲ့သေးတဲ့ နို်င်ငံတော်အကြီးအကဲ တာဝန်တွေကို စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခုကို ထူထောင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆွေးနွေးပွဲမှာပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
dassk-theinsein-1-620.jpg
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက် ၉ နာရီကနေ ၉ နာရီ ၄၅ မိနစ်အထိ ၄၅မိနစ်ကြာ နေပြည်တော်သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။
ဒ့ါအပြင် နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိစေရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ ကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
dassk-theinsein-2-620.jpg

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့တဲ့ အတွက် နိုင်ငံတော်သမ္မတကို ကျေးဇူးတင်ကြောင်းနဲ့ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်နိုင်ရန် သမ္မတကြီးက လိုအပ်သည့် ဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template