Headlines News :
Home » » နှစ်သစ်ကူးပွဲများကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေမှုကို အင်ဒိုနီးရှားရဲများက ဖော်ထုတ်နိုင်ခဲ့

နှစ်သစ်ကူးပွဲများကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေမှုကို အင်ဒိုနီးရှားရဲများက ဖော်ထုတ်နိုင်ခဲ့

Written By Aye Minn on Sunday, December 20, 2015 | 6:39 PM


 
 
ဒီဇင်ဘာ ၁၇ ရက်က ဘာလီကျွန်း အကျဉ်းထောင် အပြင်ဘက်တွင် တွေ့ရသည့် အင်ဒိုနီးရှားရဲများ
အင်ဒိုနီးရှား ရဲများသည် မြို့တော် ဂျကာတာတွင် ကျင်းပမည့် နှစ်သစ်ကူးပွဲများတွင် အသေခံဗုံးခွဲရန် ကြံစည်နေမှု တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကာ ထိုကြံစည်မှုနှင့် ဆက်နွှယ်နေသည့် လူအချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့က ဂျာဗားကျွန်း ဒေသထဲတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ အစွန်းရောက် အစ္စလာမ္မစ် ကွန်ရက်နှင့် ဆက်စပ်နေသည့်ဟု သံသယရှိသူ ငါးဦးကို ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့နှင့်အတူ ဓာတုပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ကိရိယာများနှင့် IS အဖွဲ့ကို အခြေပြုထားသည့် အလံတစ်ခုတို့ကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခဲ့သူများထဲတွင် အသက် ၃၁ နှစ်အရွယ် အစ္စလာမ္မစ် ဘော်ဒါ ကျောင်းဆရာဖြစ်သူ အဆစ်ယူရစ်နှင့် ၎င်းတပည့်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဇီနယ်တို့ ပါဝင်ခဲ့ပြီး မကြာမီ ပြုလုပ်တော့မည့် တိုက်ခိုက်မှုအတွက် ဆရာဖြစ်သူက ဇီနယ်ကို ပျိုးထောင်ထားခဲ့ကြောင်း သိရသည်။

“အစောပိုင်း အချက်အလက်တွေအရ ဇီနယ်ဟာ ၂၀၁၆ နှစ်သစ်ကူးပွဲမှာ အသေခံ ဗုံးခွဲမှု ပြုလုပ်ဖို့ ရွေးချယ်ခံထားရသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်” ဟု ရဲတပ်ဖွဲ့ အချက်အလက်များတွင် ဖော်ပြခဲ့သည်။ ဆရာဖြစ်သူ အဆစ်ယူရစ်၏ နေအိမ်ကို ဆက်လက်
ရှာဖွေမှုများ ပြုလုပ်ရာ IS တို့၏ အလံနှင့် အကြောင်းအရာ ဆင်တူသည့် အလံတစ်ခုကို တွေ့ရှိခဲ့သည်ဟု သိရသည်။

အစွန်းရောက်များ၊ ဗုံးပြုလုပ်သူများနှင့် ဆက်စပ်မှုရှိနေသည့် အခြားနှစ်ဦးကို ဖမ်းဆီးပြီးနောက်မှ ယခု ဆရာတပည့် နှစ်ဦးကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ပဉ္စမမြောက်လူကို ဆီမာရန်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နေအိမ်ထဲတွင် ဓာတ်ခွဲခန်းသုံး ကိရိယာများ၊ ဓာတုဗေဒဆိုင်ရာ စာအုပ်များ၊ ဓာတ်မြေသြဇာနှင့် ခဲစေ့၊ ဆူးချွန်ငယ်များကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အင်ဒိုနီးရှား ရဲများသည် နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် အကြမ်းဖက် အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို လုပ်ဆောင်နေသည်ဟု သိရသည်။

မြို့တော် ဂျာကာတာရှိ လေဆိပ်တစ်ခုသို့ အကြမ်းဖက် ခြိမ်းခြောက်မှုတစ်ခု ရောက်ရှိလာပြီးနောက် လေဆိပ်များကို လုံခြုံရေးများ မြှင့်တင်လိုက်ပြီး တစ်လအကြာတွင် ယခုဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် မွတ်စလင် အများဆုံး နေထိုင်သည့် အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၀၀ နှင့် ၂၀၀၉ ခုနှစ်က အစ္စလာမ္မစ် အစွန်းရောက်များ၏ တိုက်ခိုက်မှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၂ ခုနှစ်က ဘာလီဗုံးခွဲမှုကြောင့်လည်း လူ ၂၀၂ ဦး သေဆုံးခဲ့ရသည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံထဲ၍ အစွန်းရောက် အစ္စလာမ္မစ် ကွန်ရက်များအား နှိမ်နင်းမှုမှာ အားနည်းနေဆဲ ဖြစ်သည်။

Ref : AFP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template