Headlines News :
Home » , » ရေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ လက်နက် ခဲယမ်းများ ဖမ်းမိ

ရေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ လက်နက် ခဲယမ်းများ ဖမ်းမိ

Written By Aye Minn on Thursday, December 17, 2015 | 8:29 PM


 ရေး ၊ ဒီဇင်ဘာ ၁၇
ရေးမြို့နယ်၊ ခေါဇာမြို့၊ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်သို့ တပ်မတော် စစ်ကြောင်းများက သတင်းအရ ၀င်ရောက်ရှာဖွေရာ လက်နက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
နယ်မြေခံ စကခ(၁၉)၊ ခလရ(၃၁)တို့အနေဖြင့် သတင်းအရ အဆိုပါမြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး အိမ်သို့ ဒီဇင်ဘာလ ၁၅ ရက်က ၀င်ရောက် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ပြောသည်။
“ခြောက်လုံးပြူးတစ်လက်နဲ့ ကျည် ၁၉ တောင့် မိပါတယ်။ အမာခံ သတင်းပေးတွေရဲ့ သတင်းပေးမှုနဲ့ ဆက်စပ်သတင်းတွေအရ အခုလို ၀င်ရောက်ရှာဖွေရာက တွေ့ရှိခဲ့ရခြင်းပါ”ဟု ၄င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူးအား ရေးမြို့နယ်ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးနေပြီ
ခေါဇာရဲစခန်းက ပြစ်မှုပုဒ်မ၊ (ပ) ၂၈/၂၀၁၅၊ လက်နက်ခဲယမ်းဥပဒေ ၁၉ (စ) ဖြင့် အမှုဖွင့်ထားကြောင်း  ရဲမှူး မြင့်သော်က ပြောသည်။
ခေါဇာမြို့သည် ရေးမြို့နယ်တောင်ပိုင်း မိုင် ၂၀ ခန့်အကွာတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မွန်ချမ်းအမည်ရသည့် တောတွင်း လက်နက်ကိုင်အဖွဲ့မှ ကျက်စားရာဒေသတစ်ခုဖြစ်ကာ အခါအားလျော်စွာ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။ 
 Dawei Watch|
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template