Headlines News :
Home » » အသင်းပိုင်ရှင် အေဗရာဗိုဗစ်ခ်ျနှင့် မော်ရင်ဟို တွေ့ဆုံမည်ဖြစ်ပြီး မော်ရင်ဟိုအား ရာထူးမှ ထုတ်ပယ်ပါက ပေါင်သန်း (၄၀) အထိ ပေးချေရမည်

အသင်းပိုင်ရှင် အေဗရာဗိုဗစ်ခ်ျနှင့် မော်ရင်ဟို တွေ့ဆုံမည်ဖြစ်ပြီး မော်ရင်ဟိုအား ရာထူးမှ ထုတ်ပယ်ပါက ပေါင်သန်း (၄၀) အထိ ပေးချေရမည်

Written By Aye Minn on Wednesday, December 16, 2015 | 5:40 PM

(Photo:Getty Image)
လက်စတာအသင်းအား ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန်နှင့် (၁) မှတ်အကွာ အဆင့် (၁၆) နေရာတွင် ရပ်တည်နေသော ချယ်လ်ဆီးအသင်းမှာ နည်းပြမော်ရင်ဟို၏ အနာဂတ်ကို ဆုံးဖြတ်ရန်အတွက် အရေးပေါ်ဘုတ်အဖွဲ့ အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးတွင် မော်ရင်ဟိုအား ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ပါက စာချုပ်ပါလျော်ကြေး ပေါင်သန်း (၄၀) အထိ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ ပရီးမီးယားလိဂ်တွင် ပွဲစဉ် (၁၆) ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ (၉) ပွဲအထိ ကြုံတွေ့နေရသော လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းမှာ နည်းပြမော်ရင်ဟို၏ အနာဂတ်အတွက် ဘုတ်အဖွဲ့ အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအရေးပေါ် အစည်းအဝေးတွင် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျမှာ နည်းပြမော်ရင်ဟို အသင်း၏ စီမံခန့်ခွဲမှု အဖွဲ့ဖြစ်သော ဥက္ကဋ္ဌ ဘရုခ်ဘတ်၊ ဘုတ်အဖွဲ့ဝင်များဖြစ်သော မာရီနာ၊ တီနမ်ဘာအမ်၊ အီမန်အာလိုတို့နှင့် တွေ့ဆုံပြီး မော်ရင်ဟို၏ အနာဂတ်ကို အပြီးသတ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းအား ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သော မော်ရင်ဟိုမှာ ယခုနှစ်ရာသီအစတွင်မှ အသင်းနှင့်အတူ (၄)နှစ် သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုထားသူဖြစ်ပြီး ယခုအခါ အသင်းပိုင်ရှင်နှင့် ဘုတ်အဖွဲ့မှ မော်ရင်ဟိုအား ထုတ်ပယ်လိုပါက (၄) နှစ်စာချုပ်အတွက် လျော်ကြေး ပေါင်သန်း(၄၀)ပေးချေရမည် ဖြစ်ကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template