Headlines News :
Home » , » ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစတင်မီ လေကြောင်းတိုက်ခိုက်မှုတွင် ဆီးရီးယားသူပုန်ခေါင်းဆောင် သေဆုံး

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစတင်မီ လေကြောင်းတိုက်ခိုက်မှုတွင် ဆီးရီးယားသူပုန်ခေါင်းဆောင် သေဆုံး

Written By Aye Minn on Saturday, December 26, 2015 | 11:14 PM

ဆီးရီးယားသူပုန်အဖွဲ့ ဂျာအစ်အယ်အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် အယ်လူအာကို ဇူလိုင် ၂၁ ရက်က အဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာပွဲ၌ တွေ့ရစဉ် (Photo: AFP)
ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုတွင် ထင်ရှားသော ဆီးရီးယားသူပုန်ခေါင်းဆောင် ဇာရန်အယ်လူအာ သေဆုံးခဲ့ပြီး ယိုင်နဲ့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ငါးနှစ်နီးပါး ကြာမြင့်ခဲ့သော ဆီးရီးယားစစ်ပွဲအတွက် ထိုးနှက်ချက် ဖြစ်သွားခဲ့သည်။
 
အသက် ၄၄ နှစ်အရွယ် အယ်လူအာသည်  ဂျာအစ်အယ်အစ္စလာမ်လှုပ်ရှားမှု အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဒမတ်စကက် အရှေ့ပိုင်း ဂိုအူတာသူပုန်နယ်မြေတွင် သြဇာအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အယ်လူအာ သေဆုံးခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဂျာအစ်အယ်အစ္စလာမ်အဖွဲ့က အဘူဟီမန်အယ်ဘူဝေဒါနီကို အစားထိုး ရွေးချယ်ခဲ့ကြောင်း လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ အသက် ၄၀ အရွယ် ဘူဝေဒါနီသည် မွတ်စလင်ဘရားသားဟုဒ်အဖွဲ့နှင့် အလွန်နီးကပ်သော မိသားစုမှ စီးပွားရေးလုပ်ငန်းခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
 
တပ်မှူးများ၏ လျှို့ဝှက်အစည်းအဝေးကို လေယာဉ်သုံးစင်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ အယ်လူအာနှင့်အတူ အခြား တပ်မှူးငါးဦး သေဆုံးကြောင်း၊ စီးနင်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆီးရီးယားအစိုးရ နှင့် ရုရှားတို့ ပါဝင်နေခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။
 
ရုရှားက အသစ်ပံ့ပိုးထားသော ဒုံးကျည်များဖြင့် ဆီးရီးယားလေတပ် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင် သူပုန်အမြောက်အမြား သေဆုံးကြောင်း ဆီးရီးယားလုံခြုံရေးသတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ တိုက်လေယာဉ်များသည် အစည်းအဝေးပစ်မှတ်ကို ဒုံးကျည်လေးစင်းစီဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။
 
ဂျာအစ်အယ်အစ္စလာမ်အဖွဲ့သည် မြို့ တော် ဒမတ်စကက်အရှေ့ပိုင်းတွင် သူပုန်တို့က ခြေကုပ်ယူထားသော ဂိုအူတာအရှေ့ပိုင်းဒေသ၌ အင်အားအတောင့်တင်းဆုံး သူပုန်အဖွဲ့ဖြစ်သည်။ ဆော်ဒီအစိုးရက ကျောထောက်နောက်ခံပြုမှုဖြင့် ဂျာအစ်အယ် အစ္စလာမ်အဖွဲ့သည် ဆော်ဒီ၌ သမိုင်းဝင် အတိုက်အခံအုပ်စု အစည်းအဝေးကို မကြာသေးခင်က တက်ရောက်ခဲ့သည်။ 
 
အစ္စလာမ္မစ်နိုင်ငံ တည်ထောင်ရေးအတွက် ထောက်ခံပြီး အစွန်းရောက်အမြင်ရှိသည်ဟု ထင်ရှားသော ယင်းအဖွဲ့သည် နောက်ပိုင်းတွင် ရပ်တည်ချက်ပြောင်းလဲခဲ့ပြီး သဘောထား အလယ်အလတ် အုပ်စုဖြစ်လာခဲ့သည်။ ဂျာအစ်အယ်အစ္စလာမ် အဖွဲ့သည် ဂိုအူတာအရှေ့ပိုင်းတွင် အာဆတ်အစိုးရတပ်များနှင့် IS တို့ကို ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်သည်။ 
 
လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လူအာ သေဆုံးမှုသည် အတိုက်အခံတို့ကြား  တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး ဆီးရီးယားတို့၏ အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ပုန်ကန်မှုအတွက် သက်ရောက်မှု ကြီးမားမည်ဖြစ်သည်။ ဆီးရီးယား၏ ငါးနှစ်နီးပါး ကြာခဲ့ပြီဖြစ်သော ပုန်ကန်မှုတွင် အတိုက်အခံတို့ အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်ကြောင်း လေ့လာသုံးသပ်သူ ချားစ်လစ်စတာ က ပြောကြားခဲ့သည်။ 
 EMG
Ref: AFP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template