Headlines News :
Home » » မြန်မာအလှမယ် အမရာငြိမ်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲ နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည်

မြန်မာအလှမယ် အမရာငြိမ်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲ နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည်

Written By Aye Minn on Monday, November 2, 2015 | 10:52 PM

မြန်မာအလှမယ်အမရာငြိမ်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် Miss International ပြိုင်ပွဲ၏နောက် ဆုံးအဆင့်ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ဂျပန်နိုင်ငံတိုကျိုမြို့၌ ပြု လုပ်မည်ဟု သတင်းရရှိသည်။
အဆိုပါ ပြိုင်ပွဲ၏ နောက်ဆုံး အဆင့်ပြိုင်ပွဲတွင်  နိုင်ငံပေါင်း ၇၀ မှအလှမယ် ၇၀ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကာ တစ်ဦးချင်းစွမ်းရည်ပြ ယှဉ်ပြိုင်မှု၊ National Costume ဖြင့် ယှဉ်ပြိုင်မှု၊ Evening Gown ဖြင့် ယှဉ်ပြိုင်မှုများဖြင့် ပြုလုပ်သွားမည် ဟုသိရသည်။
“အမရာတို့ပြိုင်ပွဲရဲ့ နောက် ဆုံးအဆင့် ပြိုင်ပွဲက နိုဝင်ဘာ ၅ ရက်မှာပြုလုပ်မှာပါ။ အခုချိန်အထိ တော့ ပြိုင်ပွဲဝင်တွေအားလုံးနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရတဲ့ Activities တွေအားလုံးမှာ အမရာကြိုးစားပြီး အကောင်းဆုံး လုပ်ဆောင်နေပါ တယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲ အတွက်လည်း အရမ်းစိတ်လှုပ်ရှား ပါတယ်။ အမရာကြိုတင်ပြင်ဆင် ထားတဲ့အတိုင်းပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွား မှာပါ။ ဆုရမရဆိုတာထက် အမရာ လုပ်နိုင်သလောက် အကောင်းဆုံး လုပ်မယ်ဆိုတာပဲ ခေါင်းထဲမှာ ထည့်ထားပါတယ်။ ရလဒ်ဆိုတာကို အမရာကြိုပြီး မျှော်မှန်းထားတာမျိုး မရှိပါဘူး။ အကောင်းဆုံး ကြိုးစား ပြီးပြီဆိုရင် ဘယ်လိုရလဒ်မျိုးပဲ ဖြစ် ဖြစ် အမရာကျေနပ်တတ်ပါတယ်”  ဟု မြန်မာအလှမယ်အမရာငြိမ်းကရှင်းပြသည်။
လက်ရှိအချိန်တွင် အင်တာနက်ပရိသတ်များမှ Vote ပေးရွေးချယ်ရသောစနစ်တွင် အမရာငြိမ်းသည် နံပါတ် ၁ နေရာတွင် ဦးဆောင်လျှက်ရှိပြီး ယင်းဆုရရှိရန် အဓိက ရေပန်းစားလျှက်ရှိသည်။
အဆိုပါ Miss International  ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုရန်တွက် Miss Myanmar International 2015 ပြိုင်ပွဲကို သြဂုတ် ၃၀ ရန်က ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အလှမယ် ၂၀ဦးက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အမရာငြိမ်းက ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
"ကျွန်မတို့ တိုင်းပြည်ရဲ့ သယံဇာတတွေ လူ့အရင်းအမြစ်တွေအကုန်လုံးကို စနစ်တကျစီမံခန့်ခွဲပေးနိုင်တဲ့ ပညာတတ်ထက်မြက်တဲ့ ကြည်ညိုလေး စားဖွယ်ကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မဲပေးရွေးချယ်နိုင်ဖို့ပါ" ဟု Miss Myanmar International 2015 ပြိုင်ပွဲတွင် အလှမယ် အမရာငြိမ်းက ဒိုင်ယူကြီးများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဂျပန် နိုင်ငံ တိုကျိုမြို့ရှိ Shinnagawa Prince Hotel ၌ပြုလုပ်မည်ဖြစ်ပြီး Miss International 2015 ၊ 1st Runner Up ၊ 2nd Runner Up ၊ 3rd Runner Up ၊ 4th Runner Upဆုများ ပေးအပ်မည်ဖြစ်ကာ  Title ဆုများလည်း ပေးအပ်မည်ဖြစ်သည်။
 EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template