Headlines News :
Home » » ကျောက်ဖြူတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို ကတ်ကြေးဖြင့် ထိုး

ကျောက်ဖြူတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို ကတ်ကြေးဖြင့် ထိုး

Written By Aye Minn on Tuesday, September 8, 2015 | 11:20 PM


ကျောက်ဖြူ၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူး အဆင့်ရှိသူ အမျိုးသမီးတစ်ဦး၏ နောက်ကြောအား နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့် ထိုးသဖြင့် ယင်းအမျိုးသမီးတွင် ဒဏ်ရာ နှစ်ချက်ရကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်း ရရှိသည်။
ကတ်ကြေးဖြင့် ထိုးသူမှာ ကျောက်ဖြူမြို့၊ စေတီတောင် ရပ်ကွက်တွင် နေထိုင်သူ မျိုးကျော်(ခ) နေမင်းရာဇာ(ခ) ရာဇာ(ခ) ဂျွန်နေလင်း အသက်(၃၄)နှစ် ဖြစ်ပြီး များမကြာမီက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဟု သိရသည်။
“နောက်ကြောကို ကတ်ကြေးနှင့် နှစ်ချက်ထိုးပြီး ထွက်ပြေးသွားတယ်။ သူ့ကို ဖမ်းဆီးလိုက်ပါပြီ။ အချိန်နှင့် တစ်ပြေးညီ တရားခံကိုပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ သူက စိတ်မမှန်ဘူးလို့ သိရပါတယ်” ဟု နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ရဲထွန်း ကပြောသည်။
ကတ်ကြေးဖြင့် အထိုးခံရသူအမျိုးသမီးမှာ သန်ပန်ချောင်း ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဌာန ခြံဝင်းတွင်နေသူ စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်နီလာစိုး အသက်(၃၃)နှစ် ဖြစ်သည်။
သူမသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က သူငယ်ချင်း အမျိုးသမီးနှင့်အတူ နေအိမ်မှ စီးပွားရေးဘဏ်သို့ အသွား ပြည်သာယာဈေး အ၀င်လမ်းတွင် စားသောက်ဖွယ်ရာများ ၀ယ်ယူပြီးအပြန်တွင် မျိုးကျော်က ကတ်ကြေးဖြင့် နောက်ကျောကို နှစ်ချက်တိတိ ထိုးသွားခဲ့သည် ဟု ဆိုသည်။
ဒေါ်နီလာစိုးအား ကျောက်ဖြူ ဆေးရုံတွင် တင်ထားရပြီး စကားပြောနိုင်ပြီ ဖြစ်သော်လည်း ဘယ်ဘက်ပေါင်တစ်ခြမ်းမှာ မလှုပ်နိုင်သေးကြောင်း ဒုရဲအုပ် ရဲထွန်းက ဆက်လက်ပြောကြားသည်။
ကတ်ကြေးဖြင့် ထိုးခဲ့သူ တရာခံ မျိုးကျော်က ထောင်ကလွတ်လာရင်လည်း နောက်ထပ်အမျိုးသမီးတွေကို ဓားနဲ့ လူအများအပြားကို ဆက်ပြီးထိုးသွားမည်ဟု ကြုံးဝါးသွားကြောင်း မျက်မြင်တစ်ဦးဖြစ်သူ သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးညွန့်သိန်း ကပြောသည်။
ယခု အခင်း မဖြစ်ပွားမှီကလည်း တစ်ခြား အမျိုးသမီး ၃ ဦးကို နာရီစင်ကွင်းအနီးတွင် ဓားဖြင့်ထိုးရန်လိုက်ခဲ့ပြီး အမျိုးသမီးများမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
တရားခံကို ပုဒ်မ ၃၂၆ နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူ စခန်းမှူး ရဲအုပ်စိုးကျော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ကတ်ကြေးဖြင့်ထိုးခဲ့သူ တရားခံ မျိုးကျော် (ခ) ရာဇာသည် စိတ်နှောက်နေသူ တစ်ဦးဖြစ်ပြီး ထောင်လေးကြိမ် ကျဖူးကြောင်း သိရသည်။
၂၀၀၀ ခုနှစ်တွင် ကိုယ့်လက်ကို ဓားဖြင့် ထိုး၍ ထောင် ၆ လကျခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ဓားထိုးမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချခံရကာ ထောင်ထဲတွင် ၁ နှစ်နှင့် ၁၁ လနေခဲ့ရပြီး လွတ်လာခဲ့သည်။
၂၀၀၈ ခုနှစ်မှာ ဓားထိုးမှု ဖြစ်ပြီး ထောင်ဒဏ်၂ နှစ်ချခံရကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၃ လဖြင့် လွတ်လာသည်။
မျိုးကျော်သည် ၂၀၁၂ ခုနှစ်မှာ သာသနာ့ ဗိမာန်ကို ဖြိုသတ်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး ထောင်ထဲတွင် တနှစ်ကျော် နေထိုင်ကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း Arakan State
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template