Headlines News :
Home » » ရွှေတောင်မြို့နယ်တွင် ရေနစ်မြှပ် အိမ်ခြေ ၂၀၀၀ ကျော်ရှိလာပြီး အချို့ရေနစ်မြုပ်ရပ်ကွက်များတွင် လျှပ်စစ်မီးအန္တရာယ် စိုးရိမ်နေရ

ရွှေတောင်မြို့နယ်တွင် ရေနစ်မြှပ် အိမ်ခြေ ၂၀၀၀ ကျော်ရှိလာပြီး အချို့ရေနစ်မြုပ်ရပ်ကွက်များတွင် လျှပ်စစ်မီးအန္တရာယ် စိုးရိမ်နေရ

Written By Aye Minn on Tuesday, August 4, 2015 | 12:30 AM

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၅၅ စင်တီမီတာတွင် တန့်နေကြောင်းသိရသည်။ အရေးပေါ် ရေဘေးရွှေ့ပြောင်းသူများအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှု အဓိကလိုအပ်နေပြီး ရွှေတောင်မြို့နယ်ရှိ ရေနစ်မြှပ်ရပ်ကွက်အချို့တွင် လျှပ်စစ်မီးအန္တရာယ် စိုးရိမ်နေရကြောင်း သတင်းရရှိသည်။
ပြည်ခရိုင်တွင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်မှာ သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်အထက် ၅၅ စင်တီမီတာတွင် တန့်နေပြီး နောက်သုံးရက်ခန့် စိုးရိမ်ရေမှတ် အထက်တွင် ရှိနေအုံးမည် ဖြစ်ကြောင်း ပြည်ခရိုင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသူများအတွက် အစားစာ လှူဒါန်းမှုများ အသင့်တင့် ရှိနေသော်လည်း ကျန်းမာရေး စောင့်ရှောက်ပေးမှုများမှာ အားနည်းနေပြီး အချို့နေရာများတွင် လုံးဝမရှိသည့် အခြေနေတွင်ရှိကာ အချိန်ကြာလာသည်နှင့်အမျှ ကလေးများတွင် ၀မ်းပျက်ဝမ်းလျှောနှင့် တုပ်ကွေးဖျားနာများ၊
သွေးလွန်တုပ်ကွေးများပါ ကူးစက်လာနိုင်ကြောင်း အဓိကလိုအပ်ချက်မှာ ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များထံမှ သိရသည်။
ရွှေတောင်မြို့နယ်အတွင်း အုပ်ချုပ်ရေးပိုင်း၏ စာရင်းဇယားများအရ ရေနစ်မြှပ်နေအိမ်ခြေ ၂၂၂၀ ရှိလာကာ အချို့ရေနစ်မြုပ် ရပ်ကွက်များတွင် လျှပ်စစ်မီး ဖြတ်တောက်ထားခြင်း မရှိသေးသည့်အတွက် မီးဘေအန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။





Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template