Headlines News :
Home » » လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ်တွင် လမ်းဘေးကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲကျပြီး ကားများ ထိခိုက်ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ်တွင် လမ်းဘေးကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲကျပြီး ကားများ ထိခိုက်ပျက်စီး

Written By Aye Minn on Tuesday, July 7, 2015 | 8:39 AM


လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်တစ်ခု ကားများပေါ်သို့ လဲကျနေစဉ်
ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်များ ပြိုလဲကျကာ ကားများပေါ်သို့ပိခဲ့ပြီး အချို့မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းတွင်ရှိသည့် ကြော်ငြာဆိုင်းဘုတ်များမှာ ပြိုလဲကျမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပေါ်ရှိကားများပေါ် ပိခဲ့ကြောင်း သိရသည်။
“ဖြစ်တာတော့ ညနေ ၃ နာရီ လောက် ကတည်းကပါ။ မိုးကအရင်သည်းသည်း မဲမဲရွာတာ။ နောက်တော့ လေပြင်းတွေ တိုက်တာပဲ။ ကြော်ငြာဆိုင်းဘုတ်တွေက အောက်ကနေပြီးတော့ကို ပြိုလဲကျတာ။ ကမ်းနားလမ်းမှာက ဆူဇူကီးကားပေါ်ပြိုလဲကျတယ်။ ဗိုလ်တထောင်ဘုရားလမ်းမှာက မီနီဘတ်စ်ကား နှစ်စီးပေါ် ပြိုလဲကျတာ။ ကံကောင်းလို့ ကားပေါ်တွေမှာက လူတစ်ယောက်မှမရှိလို့။ သစ်ပင်လဲတာတို့၊ ဘာတို့တော့ မရှိဘူး။ သစ်ကိုင်းနည်းနည်းပါးပါး ကျိုးကြတာပဲရှိတယ်” ဟု ဗိုလ်တထောင်မြို့နယ်နေ ကိုဝင်းကျော်က ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ်ရှိ ကြော်ငြာဆိုင်းဘုတ်တစ်ခု ကားတစ်စီးပေါ်သို့ ပြိုလဲကျနေသည်ကို ဇူလိုင် ၆ ရက် ညနေပိုင်းက တွေ့ရစဉ်
“ကားတွေပေါ်ကို ဆိုင်းဘုတ်ပြိုလဲကျတာကို ဘယ်သူမှာ လာမရှင်းပေးဘူး။ မီနီဘတ်စ်တစ်စီးက ခေါင်းကိုကျေမွသွားတာ။ ကံကောင်းလို့ လူမသေတာ။ ဆိုင်းဘုတ်ထောင်တဲ့သူတွေက ဖြစ်ကတတ်စမ်း လုပ်သွားတာ။ သစ်ပင်တွေတောင် သစ်ကိုင်းကျိုးရုံလောက်ပဲဖြစ်တယ်။ သူတို့ဟာက သံလုံးတွေဖြစ်ပြီး အောက်ခြေကကို ပြိုလဲကျတာ။ အလျော်တော့ ရမှဖြစ်မယ်။ အခုဟာက သဘာဝဘေးအန္တရာယ်ထက် သူတို့ခိုင်ခံ့အောင် မလုပ်လို့ဖြစ်တာ” ဟု ကားပိုင်ရှင်တစ်ဦးက ပြောကြားသည်။
 ယင်းအပြင် တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ဒီနေရာကတော့ မိုးနည်းနည်းလေး မရွာနဲ့ ရေကြီးပြီ။ အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။ ကားတွေကပိုပိတ်၊ သွားရလာရတာ ပိုခက်ခဲ။ စိတ်ပျက်စရာကြီး။ အစိုးရက ဒီရေကြီးတာကို ဘယ်တော့မှ ဖြေရှင်းနိုင်မလဲ မသိဘူး” ဟု တာမွေဗလီထိပ်တွင် ဈေးရောင်းချသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။

Writer: 
အောင်ကျော်ထက်

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template