Headlines News :
Home » » Miss Grand International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ် စံထိပ်ထားလင်း လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ

Miss Grand International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ် စံထိပ်ထားလင်း လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ

Written By Aye Minn on Friday, June 26, 2015 | 5:40 PM


Miss Grand International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ် စံထိပ်ထားလင်း ပြိုင်ပွဲအတွက် လိုအပ်သည့် လေ့ကျင့်ပြင်ဆင်မှုများအား ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“စံထိပ်ထားလင်းကို Casting System နဲ့ပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။ သူက အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေလည်း ရှိတယ်လို့ ယုံကြည်တဲ့အတွက် သူ့ကို ရွေးချယ်ဖြစ်ခဲ့တာပါ။ အခု Style Plus H သင်တန်းကျောင်းမှာပဲ လိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေကို ပြုလုပ်ပေးနေပါတယ်။ လမ်းလျှောက်တာကစပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေ၊ အသားအရေ ထိန်းသိမ်းမှုတွေ၊ အထွေထွေ ဗဟုသုတတွေအတွက် လေ့ကျင့်သင်ကြားပေးနေပါတယ်။ Miss Grand ပြိုင်ပွဲကို အရင်နှစ်တွေတုန်းက တခြားအဖွဲ့အစည်းက တာဝန်ယူလက်ခံ ရွေးချယ်စေလွှတ်ဖြစ်ခဲ့ပေမယ့် သူတို့က အကြောင်းကြောင်းကြောင့် ဒီပွဲကို ဆက်မယူတော့တဲ့ အချိန်မှာ ဟိုဘက်က အဖွဲ့အစည်းက လှနုကို မြန်မာနိုင်ငံရဲ့ National Director တစ်ယောက်အနေနဲ့ တာဝန်ယူပေးဖို့ ကမ်းလှမ်းလာတဲ့အတွက် လက်ခံဖြစ်သွားတာပါ။ စံထိပ်ထား ကိုယ်တိုင်ကလည်း Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ပြိုင်ဖို့အတွက် စိတ်အားထက်သန်စွာနဲ့ ကြိုးစားပြင်ဆင်နေပါတယ်” ဟု Style Plus H သင်တန်းကျောင်းမှ National Director မလှနုထွန်းက ပြောကြားသည်။

Miss Grand Myanmar 2015 အဖြစ် စံထိပ်ထားလင်းအား ယခုလအတွင်း Casting System ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စံထိပ်ထားလင်းမှာ M.B.A ဒုတိယနှစ် တက်ရောက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Miss Grand International 2015 ကို လာမည့် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ Miss Grand International ပြိုင်ပွဲတွင် ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ထားထက်ထက်၊ ၂၀၁၄ ခုနှစ်တွင် အလှမယ် M ဂျာဆိုင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အလှမယ် စံထိပ်ထားလင်းမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တတိယမြောက် ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ်တစ်ဦးဖြစ်သည်။ 

သဲသီရိကျော် Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template