Headlines News :
Home » » လွိုင်ကော်မြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် ရိုးရာမိုးခေါ် မီးကျည်လွှတ်ပွဲ ပြုလုပ်

လွိုင်ကော်မြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးသောကြောင့် ရိုးရာမိုးခေါ် မီးကျည်လွှတ်ပွဲ ပြုလုပ်

Written By Aye Minn on Thursday, June 18, 2015 | 3:22 PM


ရိုးရာမိုးခေါ် မီးကျည်လွှတ်ပွဲအား ပအိုဝ်းကျေးရွာများ စုပေါင်း၍ ဇွန် ၁၆ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - မခိုင် )

မိုးရွာသွန်းမှု နည်းပါးသောကြောင့် စိုက်ပျိုးမြေများ မိုးရေရရှိရန် လွိုင်ကော်မြို့နယ် အတွင်းရှိ ပအိုဝ်းကျေးရွာများ စုပေါင်း၍ ရိုး ရားမိုးခေါ် မီးကျည်လွှတ်ပွဲအား ဇွန် ၁၆ ရက်က ပြုလုပ်ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်ရှိ ပအိုဝ်းလူမျိုးများနှင့် ပအိုဝ်းကျေးရွာများဖြစ်သော မိုက်ကန်း၊ လင်ဖုံလေး ပအို့ပိုင်း၊ လွယ်ထွဲ စသည့်ကျေးရွာများမှ ရိုးရာမိုးခေါ် မီးကျည်လွှတ်ပွဲအား လင်ဖုံလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ကြောင်း သိရသည် ။

“နှစ်တိုင်းတော့ မိုးခေါ်မီးကျည်လွှတ်ပွဲကို ဇွန်လအစမှာပဲ လုပ်တယ်။ ဒီနှစ်တော့ နည်းနည်းနောက်ကျတယ်။ တောင်သူတွေ တောင်ယာစိုက်ပျိုးပြီး တစ်ပတ်ဆို လုပ်နေကျပါ။ ဒီနှစ်တော့ မိုးမကောင်းလို့ တောင်သူအားလုံးလိုလို တောင်ယာတွေကို နောက်တစ်ခေါက် ပြန်စိုက်နေရတော့ မအားတာနဲ့ မိုးခေါ်ပွဲ နောက်ကျရတာပါ။ မိုးကလည်း ဖွဲဖွဲပဲ ရွာတယ်။ ကောင်းကင်မှာ အုံ့နေပေမယ့် အများကြီး မရွာဘူးဖြစ်နေတယ်။ ဒီလိုမီးကျည် လွှတ်တဲ့အခါ မိုးကောင်းမယ်လို့ ယုံကြည်ပြီး ဘိုးဘွားစဉ်ဆက် ကတည်းက လုပ်လာကြတာပါ။ မိုးမကောင်းရင်တော့ တောင်သူတွေ ဒီနှစ်စားဝတ်နေရေးခက်မယ်။ အခု မိုးမကောင်းလို့ အပင်မပေါက်တော့ ဒုတိယတစ်ခါ ညပြန်စိုက်နေကြရတာ ပိုက်ဆံချေးပြီး စိုက်ကြတာများတယ်” ဟု မီးကျည်လွှတ်တင်သော ခွန်ကျော်စိန်က ရှင်းပြသည်။

လွိုင်ကော်မြို့နယ်အတွင်း နေထိုင်သော ပအိုဝ်းတိုင်းရင်းသားများမှာ ရိုးရာမီးကျည်လွှတ်ပွဲအား နှစ်စဉ်ပြုလုပ်လျက်ရှိရာ ယခုနှစ်တွင်မူ မီးကျည်အငယ်များဖြင့်သာ လွှတ်တင်နိုင်ကြောင်း၊ မီးကျည်အသေးမှာ တစ်ခုပြုလုပ်လျှင် ကုန်ကျစရိတ်ကျပ် လေးထောင်ခန့်သာကုန်၍ မီးကျည်အကြီးမှာ ကျပ် ၁၀ သိန်းခန့် ကုန်ကျသဖြင့် စရိတ်ချွေတာသောအားဖြင့် မီးကျည်အသေးများသာ လွှတ်တင်တော့ကြောင်း သိရသည်။    

မခိုင် (လွိုင်ကော်) Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template