Headlines News :
Home » » မြန်မာယူ ၂၃ အသင်း လူစာရင်း ထုတ်ပြန်ကြေညာ

မြန်မာယူ ၂၃ အသင်း လူစာရင်း ထုတ်ပြန်ကြေညာ

Written By Aye Minn on Sunday, June 7, 2015 | 5:44 PM



ခြေထောက်ကျိုးသွားတဲ့ ၀င်းဇော်ဦးကလွဲပြီး စင်ကာပူကို ယှဉ်ပြိုင်ခဲ့တဲ့ လူစာရင်းအတိုင်း ဖိလစ်ပိုင်နဲ့ပွဲမှာ ပွဲထုတ်ထားတယ်လို့ မြန်မာယူ ၂၃  ဘောလုံးအသင်းမန်နေဂျာ ဦးသန်းတိုးအောင်က ပြောပါတယ်။

ဒီနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မြန်မာယူ ၂၃ အသင်းဟာ အနီရောင်အင်္ကျီကို ၀တ်ဆင်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းလူစာရင်းကတော့ ဂိုး – ကျော်ဇင်ဖြိုး၊ နောက်တန်း- ကျော်ဇင်လွင်၊ ရဲဝင်းအောင်၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း- နေလင်းထွန်း (အသင်းခေါင်းဆောင်)၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ ရှေ့တန်း – ကောင်းဆက်နိုင်၊ ရှိုင်းသူရ တို့ဖြစ်ပါတယ်။
မြန်မာနဲ့ ဖိလစ်ပိုင်ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် ကာတာနိုင်ငံသား အယ်လ်ကူဝါရီ ခါမစ် မိုအာမက်က ကိုင်တွယ်မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စု (က) မှာ အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး ရမှတ် ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template