Headlines News :
Home » » သယံဇာတ ထုတ်ယူသုံးစွဲမှုကဏ္ဍတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလွန်အားနည်းလျက်ရှိကြောင်း တိုင်းဒေသကြီးများမှ အရပ်ဘက်အဖွဲ့အစည်းများ ရှင်းလင်း

သယံဇာတ ထုတ်ယူသုံးစွဲမှုကဏ္ဍတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလွန်အားနည်းလျက်ရှိကြောင်း တိုင်းဒေသကြီးများမှ အရပ်ဘက်အဖွဲ့အစည်းများ ရှင်းလင်း

Written By Aye Minn on Saturday, June 27, 2015 | 9:55 AM


ဇွန် ၂၆ ရက်တွင် summit park view ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

သယံဇာတ ထုတ်ယူသုံးစွဲမှုကဏ္ဍများတွင် ပွင့်လင်းမြင်သာမှု ၊တာဝန်ယူမှုနှင့် တာဝန်ခံမှုများ အလွန်အားနည်းလျက်ရှိနေကြောင်း တိုင်းဒေသကြီးများမှ အရပ်ဘက်ကိုယ်စားလှယ်များက ဇွန် ၂၆ ရက်တွင် summit park view  ဟိုတယ်တွင် ရှင်းလင်းခဲ့သည်။

ယင်းသို့  ရှင်းလင်းရာတွင် ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အရပ်ဘက်ကိုယ်စားလှယ်များ တက်ရောက်၍ ဒေသအဆင့် သယံဇာတရေးရာအခက်အခဲများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ EITI လုပ်ငန်းအဖွဲ့ဝင် ဦးဇော်ထွန်းက ရှမ်းပြည်နယ်အတွင်း သယံဇာတ တူးဖော်မှုများနှင့်ပတ်သက်ကာ “ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ရွှေတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ လယ်မြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ ရှိတယ်။ ဒါကို ထိရောက်စွာဖြေရှင်းပေးတာ မရှိသေးဘူး။ နောက်ပြီး ရေအားလျှပ့်စစ်စီမံကိန်းတွေအတွက် လိုဏ်ခေါင်းတူးတယ်။ တူးတဲ့မြေစာတွေထဲမှာ သဘာဝသယံဇာတတွေ  အကုန်ပါသွားတယ်။ဘယ်ဥပဒေနဲ့မှလည်း သွားစွဲလို့မရဘူး။ ဒါပေမဲ့ သူတို့စီမံကိန်း လုပ်သွားတယ်။ မြေစာတွေထဲမှာ သယံဇာတတွေ အကုန်ပါသွားတယ်။ ပြည်သူတွေကို ဘာမှထုတ်ဖော်ပြီး လုပ်ဆောင်တာ မရှိသေးသလို ပွင့်လင်းမြင်သာမှုလည်း အားနည်းနေတယ်” ဟု ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေးစီမံကိန်းများအား အကောင်အထည်ဖော်နေစဉ်ကာလအတွင်း ဒေသခံတိုင်းရင်းသား ပြည်သူများ၏ မြေယာ နှင့် သဘာဝအရင်းအမြစ်ကို ရယူသုံးစွဲရန်လို အပ်သည့် စီမံကိန်းများအား အချိန်ကာလတစ်ခုအတွင်း ရပ်နားထားသင့်ကြောင်းလည်း ထောက်ပြဆွေးနွေးခဲ့သည်။

“ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာက လမ်းပန်းဆက်သွယ်ရေးက အဓိကဖြစ်နေတယ်။ ထားဝယ်မှာ သတ္တုတွင်းလုပ်ငန်းတွေ အများကြီးရှိတယ်။ သတ္တုတွင်းရဲ့မြေစာပုံတွေက ရေလျှံတော့ ၀မ်းရောဂါအပြင် ရေမသန့်မှုတွေဖြစ်တယ်။ တနင်္သာရီ တစ်တိုင်းလုံးမှာ သဲစုပ်တဲ့ ကုမ္ပဏီတွေရှိတယ်။ သူတို့တွေက ရေထဲက သယံဇာတတွေဖြစ်တဲ့ ပုလဲ၊ သန္တာကျောက်တန်း၊ ငါးမျိုးစိတ်တွေ ပျက်စီးအောင် ပိုက်အကြီးကြီးတွေနဲ့ သဲစုပ်တယ်။အဲဒီထဲက မြန်မာနိုင်ငံရဲ့သဘာဝသယံဇာတတွေ အကုန်ပါသွားတယ်။ အဲဒါကို သတ္တုနည်းဥပဒေအရ၊ အခွန်စီးကြပ်မှုအရ ဘယ်လိုစစ်လဲမေးတယ်။ ဒါကို ဓာတ်ခွဲတယ်ပြောပေမယ့် တကယ့်တကယ် ပြည်သူလူထုက ဘာတွေပါသွားလဲဆိုတာ မမြင်ရဘူး။ အဲဒီစုပ်တဲ့ သဲတွေကို စင်ကာပူကို တိုက်ရိုက်ပို့တယ် ” ဟု တနင်္သာရီတိုင်းမှ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက ပြောကြားသည်။

အလားတူ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ်တို့မှ ယင်းတို့ကြုံတွေ့နေရသည့် ပွင့်လင်းမြင်သာမှုမရှိသည့် လူထုဗဟိုပြုစနစ် မဟုတ်သည့် စီမံကိန်းများမှ ပြည်သူလူထုနစ်နာမှုများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပြီး သဘာဝသယံဇာတမှ ရရှိသည့် အခွန်ငွေစီးဝင်မှုကို နိုင်ငံတကာ EITI အတွင်းဝန်ရုံးသို့ တင်သွင်းရမည့်အပြင် ပြည်သူလူထုထံသို့ ချပြရမည်ဖြစ်သည့်အတွက် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။EITI သည် သယံဇာတတူးဖော်ရေးလုပ်ငန်းများ၏ ၀င်ငွေ၊ ပွင့်လင်းမြင်သာရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန်ဖြစ်ကြောင်း သိရသည်။    
               
သက်ထား၊ အေးမြတ်မွန် EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template