Headlines News :
Home » » နီပေါငလျင်ကြောင့် ဧ၀ရတ်တောင် အနောက်တောင်ဘက်သို့ ရွေ့သွားသည်ဟု တရုတ်ပြောကြား

နီပေါငလျင်ကြောင့် ဧ၀ရတ်တောင် အနောက်တောင်ဘက်သို့ ရွေ့သွားသည်ဟု တရုတ်ပြောကြား

Written By Aye Minn on Wednesday, June 17, 2015 | 2:32 PM


ဧပြီ ၂၀ ရက်က နီပေါအထမ်းသမားတစ်ဦး ၀န်တစ်ခုကိုထမ်းလျက် နီပေါအရှေ့မြောက်ပိုင်းမှ ဧ၀ရတ်တောင် လမ်းကြောင်းတစ်ခု၌ လျှောက်သွားစဉ် (Photo:AFP)

ဧပြီလအတွင်းက လှုပ်ခတ်ခဲ့သည့် နီပေါငလျင်ကြီးကြောင့် ဧ၀ရတ်တောင်သည် အနောက်တောင်ဘက်သို့ သုံးစင်တီမီတာ (တစ်လက်မ ကျော်ကျော်ခန့်) ရွေ့သွားကြောင်း တရုတ်သုတေသနအဖွဲ့က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ဧ၀ရတ်တောင်၏ အမြင့်မှာမူ ပြောင်းလဲသွားခြင်း မရှိဟု ဆိုသည်။

ပြင်းအား ၇ ဒသမ ၈ ရှိသော ငလျင်ကြီးသည် ကမ္ဘာ့အမြင့်ဆုံးတောင်၏ ဖြည်းဖြည်းချင်း အရှေ့မြောက်သို့ ရွေ့သည့်လမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့သည်ဟု တရုတ်နိုင်ငံ၏ လေ့လာဆန်းစစ်ခြင်း မြေပုံရေးဆွဲခြင်းနှင့် ဘူမိအချက်အလက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ငလျင်သည် နီပေါနှင့် တရုတ်နိုင်ငံတို့အား ရိုက်ခတ်ခဲ့သည်။

သို့သော် ၈,၈၄၈ မီတာ (၂၉,၀၂၉ ပေ) ဟု ဖော်ပြလေ့ရှိသော ဧ၀ရတ်တောင်၏ အမြင့်မှာမူ ငလျင်ကြောင့် ပြောင်းလဲသွားခြင်း မရှိဟု ဆိုသည်။ တရုတ်သုတေသနအဖွဲ့၏ အစီရင်ခံစာအရ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် လေးစင်တီမီတာနှုန်းဖြင့် အရှေ့မြောက်ဘက်သို့ ၄၀ စင်တီမီတာ ရွေ့ခဲ့သည့် ဧ၀ရတ်တောင်သည် အဆိုပါ ဆယ်စုနှစ်အတွင်း သုံးစင်တီမီတာလည်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

နီပေါနိုင်ငံသည် ကမ္ဘာ့ကျောက်လွှာကြီး နှစ်ခုအကြား အဓိက ပြတ်ရွေ့ကြောပေါ်၌ တည်ရှိသည်။ ကျောက်လွှာတစ်ခုပေါ်တွင် အိန္ဒိယနိုင်ငံရှိပြီး ယင်းသည် မြောက်ဘက်ရှိ ဥရောပတိုက်နှင့် အာရှတိုက်တည်နေသော ကျောက်လွှာဘက်သို့ တစ်နှစ်လျှင် နှစ်စင်တီမီတာနှုန်းဖြင့် ရွေ့လျားသည်။ ယင်းဖြစ်စဉ်ကြောင့် ဟိမ၀န္တာတောင်တန်း ဖွဲ့စည်းဖြစ်ပေါ်လာခြင်းဖြစ်သည်။

က်ာလိုရာဒိုတက္ကသိုလ် ဘူမိသိပ္ပံဌာန ပါမောက္ခ ရော်ဂျာဘီဟမ်းကလည်း တရုတ်တို့၏ တွေ့ရှိချက်အား သဘောတူခဲ့သည်။

သို့သော် ဘီဟမ်းက အဓိကအချက်သည် ဧ၀ရတ်တောင်ပေါ် မူတည်နေမည် မဟုတ်ကြောင်းနှင့် တိုက်စားပျက်စီးမှု မရှိသည့် ကျောက်တုံးကြီး တစ်တုံးသည် ဟိမ၀န္တာဒေသရှိ အခြားကျောက်တုံးများ အားလုံးထက် အနည်းငယ် ပိုမိုမြင့်မားနေခြင်းအား ဆက်လက်တည်တံ့နေစေကြောင်း ပြောကြားခဲ့သည်။

“ဧ၀ရတ်တောင် တည်ရှိတဲ့ ဒေသဟာ ဖြတ်လျှောက်သွားတဲ့ လူတစ်ယောက်လိုပါပဲ။ ဒီလှုပ်ရှားမှုက ဧ၀ရတ်တောင်ကို တောင်ဘက်ကို စင်တီမီတာ နည်းနည်းဆွဲလိုက်တာပါ။ နည်းနည်းလောက်လည်း နိမ့်သွားစေပါတယ်” ဟု ဘီဟမ်းက ပြောကြားခဲ့သည်။ ဧပြီ ၂၅ ရက် ငလျင်နှင့် မေ ၁၂ ရက် နောက်ဆက်တွဲ ငလျင်တို့ကြောင့် လူပေါင်း ၈၇၀၀ ကျော် သေဆုံးခဲ့ရသည်။
aRef:AFP
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template