Headlines News :
Home » » ရုပ်ရှင်အများပိုင် ကုမ္ပဏီက မြန်မာဗီဒီယို ဇာတ်ကားများ အခမဲ့ ကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုက် မကြာမီ လွှင့်တင်ရန် စီစဉ်

ရုပ်ရှင်အများပိုင် ကုမ္ပဏီက မြန်မာဗီဒီယို ဇာတ်ကားများ အခမဲ့ ကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုက် မကြာမီ လွှင့်တင်ရန် စီစဉ်

Written By Aye Minn on Monday, June 29, 2015 | 1:43 PM

ရုပ်ရှင်အများပိုင်ကုမ္ပဏီမှ ပူးပေါင်းလုပ်ကိုင်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးစဉ်
ရုပ်ရှင်အများပိုင် ကုမ္ပဏီက မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို အခမဲ့ ကြည့်ရှုနိုင်မည့် ၀က်ဘ်ဆိုက်တစ်ခု မကြာမီ လွှင့်တင်နိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ၀က်ဘ်ဆိုက်ကို တရားဝင် လွှင့်တင်သွားမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သည့် Infrastructure များကို ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက်တွင် မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို အခမဲ့ လွှင့်တင်နိုင်ရန် ထုတ်လုပ်သူများနှင့် တရားဝင်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ယင်းဝက်ဘ်ဆိုက်ကို လွှင့်တင်ရခြင်းမှာ ဥရောပနိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် လက်ရှိလွှင့်တင်လျက်ရှိသော ၀က်ဘ်ဆိုက်များ၌ မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများကို တရားမ၀င် တင်ထားခြင်းများအား တားမြစ်နိုင်ရန် ရည်ရွယ်ကာ ပြည်တွင်းပြည်ပ ပရိသတ်များအတွက် တရားဝင် ကြည့်ရှုနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 
 
“ရုပ်ရှင်အများပိုင် ကုမ္ပဏီအနေနဲ့ တရားဝင် ၀က်ဘ်ဆိုက်တစ်ခု တည်ထောင်ဖို့ ကြိုးစားနေပါတယ်။ Infrastructure တွေ လုပ်ပြီးနေပါပြီ။ မကြာခင် လွှင့်တင်သွားပါမယ်။ Free Website တစ်ခုအနေနဲ့ လွှင့်တင်သွားမှာပါ။ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ဒီဝက်ဘ်ဆိုက်မှာ အခမဲ့ Download လုပ်ပြီး ကြည့်ရှုနိုင်မှာပါ” ဟု ဒါရိုက်တာမောင်မောင်ဦး (စနိုးဝှိုက်) က ရှင်းပြသည်။ 
EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template