Headlines News :
Home » » ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅ ရာနှုန်းမြင့်တက်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်

ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅ ရာနှုန်းမြင့်တက်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်

Written By လွင့်မောင်မောင် on Sunday, June 7, 2015 | 12:26 PM

DSC05829

 စစ်တွေ၊ ဇွန် ၆
ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၆ ရက်နေ့ကထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်၏  ယခုနှစ် အောင်ချက်မှာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၎င်းအပြင်  ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပေါ်ထွက်ခဲ့သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်းက ပြောသည်။
“ဒီနှစ် ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တမ်း အောင်ချက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးတော့ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးပေါ်ထွက်ခဲ့ပါတယ်။ မနှစ်ကတော့ ၆ ဘာသာဂုဏ်ထူးရှင် ၈ ဦးပဲထွက်ပေါ်ခဲ့ပါတယ်”ဟု ဦးလှစိန်ထွန်းကပြောသည်။
ယမန်နှစ်က ရခိုင်ပြည်နယ်၏  တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နုန်းမှာ ၁၈ ဒသမ ၂၂ ရာခိုင်နုန်းရှိခဲ့သည်။
၆ ဘာသာဂုဏ်ထူးရှင်များမှာ စစ်တွေမှ ၁၀ ဦး၊ သံတွဲမှ ၃ ဦး၊ တောင်ကုတ်မှ နှစ်ဦးနှင့် မာန်အောင်၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်တို့မှ တစ်ဦးစီပါဝင်ကြောင်း သိရသည်။
ယခုနှစ် စစ်တွေမြို့ပေါ်မှ ၆ ဘာသာဂုဏ်ထူးရှင် ၁၀ ယောက်စလုံးမှာ အထက ၂ တစ်ကျောင်းတည်းမှ ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည်နှစ်က စစ်တွေမြို့မှ ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးမှ မပေါ်ထွက်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့မှ ၆ ဘာသာဂုဏ်ထူးရှင်များမှာ မဖြိုးသန္တာကျော်၊ မ၀င်းသီရိနွယ်၊ မမိုးစုစုစံ၊ မသဲနုစံ၊ မလတ်လတ်ဌေး၊ မမိုးမြင့်သန်း၊ မောင်ရဲထက်အောင်၊ မောင်သူရိန်ထွန်း၊ မောင်ခန့်စည်သူအောင်၊ မောင်အောင်ဇော်နိုင်တို့ ဖြစ်ကြသည်။
“ကျွန်မက ငယ်ငယ်ကတည်းက ဆရာဝန်မဖြစ်ချင်တာပါ။ တနေ့ကို စာ ၆ နာရီပုံမှန်ဖတ်ပါတယ်။ ဆရာဝန် ဖြစ်မယ် ဆိုရင်တောင် နှလုံးအထူးကုဆရာဝန်မဖြစ်ချင်ပါတယ်။ ဆရာဝန် ဖြစ်ချင်တာကတော့ ကိုယ့်ဘ၀ တိုးတက်စေချင်ပြီး၊ သူများကိုလည်း အကျိုးပြုစေချင်လို့ပါ”ဟု မလတ်လတ်ဌေးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
မလတ်လတ်ဌေးမိခင် ဒေါ်မသိန်းနုသည် မရှိဆင်းရဲသူတစ်ဦးဖြစ်ပြီး အထကကျောင်းရှေ့တွင် ထမင်းကျော် ရောင်းနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
“ကျွန်မမှာ သားသမီးသုံးယောက်ရှိပါတယ်။ အကြီးဆုံးကတော့ ကျောင်းဆရာမပါ။ သားအလတ် မောင်ကျော်ထက်အောင်ကတော့ တက္ကသိုလ်ဝင်တမ်းကို ၄ ဘာသာဂုဏ်ထူးနဲ့အောင်ပြီး မကွေး ဆေးတက္ကသိုလ်မှာ ဆေးကျောင်း တက်နေပါတယ်။ ၄ နှစ်မြောက်ပါ။ ရခိုင်သဟာယအသင်းအပါအ၀င် သူများတွေရဲ့ ပညာရေးအထောက်အပံ့ငွေနဲ့ တက်နေတာပါတယ်။ အခု ကျွန်မသမီးလည်း ၆ ဘာသာ ဂုဏ်ထူးနဲ့အောင်တယ်ဆိုတော့  တအားပျော်ပါတယ်။ ကျွန်မက ဆင်းရဲတယ်ဆိုတော့ သားသမီးတွေအတွက် အမွေဆိုလို့ ပညာပဲပေးနိုင်တာပါ”ဟု ဒေါ်မသိန်းနုက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကတော့ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးကို ကျပ်သိန်း ၃၀ ချီးမြှင့်မည် ဖြစ်ကြောင်း ကတိပြုထားသည်ဟု သိရသည်။
DSC05825
ရခိုင်ပြည်နယ်သည် ပညာရေးနှင့် စီးပွားရေးပါ နိမ့်ကျနေသော ပြည်နယ်တစ်ခုဖြစ်သောကြောင့် ပညာရေးရော စီးပွားရေးပါ မြှင့်တင်နိုင်အောင် အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ် လက်ရှိဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားထားသည်။
ယခုနှစ် ရခိုင်တစ်ပြည်နယ်လုံးတွင် အောင်ချက်အကောင်းဆုံးမြို့နယ်မှာ မင်းပြား၊ ဒုတိယ အောင်ချက် အကောင်းဆုံးမြို့နယ်မှာ သံတွဲနှင့် တတိယအောင်ချက်အကောင်းဆုံး မြို့နယ်မှာ စစ်တွေတို့ဖြစ်ကြောင်း သိရသည်။
ရခိုင်တစ်ပြည်နယ်လုံးအောင်ချက်သည် ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် ရခိုင်ပြည်နယ် အောင်ချက်သည်လည်း မြန်မာတစ်နိုင်ငံလုံးတွင် အထက်သို့ တက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး၏  ယခုနှစ် အောင်ချက်မှာ ၃၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အောင်ချက် အများဆုံးမှာ ဧရာဝတီတိုင်း ဖြစ်ကာ အောင်ချက်ရာနှုန်း ၅၁ ရှိကြောင်း သိရသည်။ အောင်ချက်ရာနှုန်း အနိမ့်ဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၁၇ ရာနှုန်းသာ ရှိကြောင်း သိရသည်။
စံမောင်သန်း(နိရဉ္စရာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template