Headlines News :
Home » » ကားနောက်ဖုံးတွင် တင်လာသည့် မြန်မာများကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

ကားနောက်ဖုံးတွင် တင်လာသည့် မြန်မာများကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

Written By Aye Minn on Thursday, May 7, 2015 | 3:11 PM

ဓာတ်ပုံ -thairath

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ  ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မေလ  ၆ ရက် ညနေ ၄ နာရီကျော်လောက်က တကွာပါမြို့နယ် ဗန်မုန့်ကျေးရွာအုပ်စု ထဲမှာ မသင်္ကာဖွယ် နစ်ဆန်းအမျိုးအစား ဆလွန်းကားတစီး  ရွာအ၀င်ဂိတ်ကိုဖြတ်ပြီး  ခေါက်တုံ့ ခေါက်ပြန်သွားလာနေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တွေ့ရတဲ့အတွက် သင်္ကာမကင်း ဖြစ်ပြီး အထူးလုံခြုံရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ အထူးအဖွဲ့က  စောင့်ဆိုင်းစစ်ဆေးရာ မှာ ကားနောက်ဖုံးမှာ  တရားမ၀င် ၀င်ရောက်လာသူတွေကို တွေ့ရတယ်လို့  တာဝန်ရှိသူတဦး က သတင်းထောက်ကို ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ  အဲဒီကားကို ထိုင်းလူမျိုး နိုင်းဖောဒေချ တွန့်ချေ့ ဆိုသူက ရနောင်း ဘက်ကနေ  တရားမ၀င်အလုပ်သမားတွေ တင်ဆောင် မောင်းနှင်လာတာ ဖြစ်ပြီး  စစ်ဆေးရေး ဂိတ်မှာ တာဝန်ရှိသူတွေမသိအောင် ကားနောက်ဖုံးကနေ တကြိမ်လျှင် ၂ ယောက် ၃ ယောက် ခွဲပြီးတင်ဆောင်ခဲ့ကြောင်း၊  လူကုန်မှ အားလုံးကို ကားပေါ်တစုတည်း ပြန်တင်ပြီး ခရီးဆက် သွားဖို့ ဖြစ်တယ်လို့  ယာဉ်မောင်းက ထွက်ဆိုဝင်ခံခဲ့ပါတယ်။\
ဓာတ်ပုံ - thairath

ဒီခရီးစဉ်မှာ တရားမ၀င်သူ ၁၀ ဦး ပါလာပြီး အားလုံးမြန်မာနိုင်ငံသားတွေ ဖြစ်ကာ လ၀ကဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အထူးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template