လစဉ် အောင်ဘာလေထီ ပေါက်မပေါက် Call Center သို့ ဖုန်းဆက် မေးမြန်းနိုင် - Lwintmgmg Daily News
Headlines News :
Home » » လစဉ် အောင်ဘာလေထီ ပေါက်မပေါက် Call Center သို့ ဖုန်းဆက် မေးမြန်းနိုင်

လစဉ် အောင်ဘာလေထီ ပေါက်မပေါက် Call Center သို့ ဖုန်းဆက် မေးမြန်းနိုင်

Written By လွင့်မောင်မောင် on Tuesday, July 17, 2012 | 12:19 AM


အောင်ဘာလေ ထီပေါက်စဉ် တိုက်ပေးခြင်းကို Call Center မှ လစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ www.myanmarelottery.com ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် အောင်ဘာလေထီ တိုက်ပေးခြင်းကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ “ အွန်လိုင်းကနေ ထီတိုက်ပေးတာ ဖြစ်ပါတယ်။ အက္ခရာနဲ့ ထီနံပါတ်ကို ဖုန်းဆက်ပြောရုံနဲ့ Call Center ကနေပြီး ထီနံပါတ်ကို ရှာဖွေပေးမှာ ဖြစ်ပါတယ်” ဟု Call Center မှ ပြောကြားသည်။ www.myanmarelottery.com ဝက်ဘ်ဆိုက်တွင် ထီဆုကြီးများ (ကျပ်သိန်း ၁၅၀၀ မှ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ အထိ) ကို လစဉ် ၁ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် စတင်တိုက်နိုင်မည်ဖြစ်ပြီး ကျန်ဆုများအား ၁ ရက်နေ့ညနေပိုင်းနှင့် ၂ ရက်နေ့ အစောပိုင်းများတွင် တိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ်ကာ အထွေထွေ စုံစမ်းမေးမြန်းမှု ကဏ္ဍ၌ အဆိုပါ လစဉ် အောင်ဘာလေ ထီပေါက်စဉ် တိုက်ပေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အဆိုပါကဏ္ဍ၌ ရွှေဈေး၊ ငွေဈေး၊ ပဲဈေး၊ ရေနံဈေးများ၏ နေ့စဉ် ဈေးနှုန်းများနှင့် အခြားကုန်ဈေးနှုန်း သတင်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခေါ်ဆိုမေးမြန်းခ ပေးချေစရာမလိုဘဲ ဖုန်းခေါ်ဆိုစဉ် ကျသင့်သည့် ဘီလ်သာ ကုန်ကျမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Lwintmgmg Daily News' apk


အကြံပြုခဲ့ပါ


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

အင်တာနက်မှာငွေတွေရှာ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template